ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:35-41 MSB

35 ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​၍ ယေ​ရှု​အား​စီး​စေ​ကြ​၏။

36 ကိုယ်​တော်​ကြွ​တော်​မူ​စဉ်​တွင် လူ​တို့​သည် မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။

37 ကိုယ်​တော်​သည် သံ​လွင်​တောင်​၏​အ​ဆင်း​လမ်း​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် တန်​ခိုး​လက္ခ​ဏာ​အား​လုံး​အ​တွက် ဝမ်း​မြောက်​လျက် ကျယ်​လောင်​သော​အ​သံ​ဖြင့် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ကာ

38 “ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​၌ ငြိမ်​သက်​ခြင်း​ရှိ​၍ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

39 ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က “ဆ​ရာ၊ ဆ​ရာ့​တ​ပည့်​များ​ကို​ဆုံး​မ​ပါ”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

40 ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်​ခဲ​တို့​သည် ကြွေး​ကြော်​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

41 ထို့​နောက် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး​သို့​ရောက်​လာ​၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင် ၎င်း​အ​တွက် ငို​ကြွေး​လျက်