ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:38-44 MSB

38 “ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​၌ ငြိမ်​သက်​ခြင်း​ရှိ​၍ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

39 ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​ထဲ​မှ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က “ဆ​ရာ၊ ဆ​ရာ့​တ​ပည့်​များ​ကို​ဆုံး​မ​ပါ”​ဟု ကိုယ်​တော်​အား​လျှောက်​ကြ​၏။

40 ကိုယ်​တော်​က​လည်း “သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်​ခဲ​တို့​သည် ကြွေး​ကြော်​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

41 ထို့​နောက် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး​သို့​ရောက်​လာ​၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင် ၎င်း​အ​တွက် ငို​ကြွေး​လျက်

42 “သင်​သည် ငြိမ်​သက်​ခြင်း​ကို​ရ​စေ​သည့်​အ​ရာ​တို့​ကို ယ​နေ့​သိ​ခဲ့​လျှင်...။ သို့​ရာ​တွင် ထို​အ​ရာ​သည် ယ​ခု​သင်​၏​မျက်​စိ​ရှေ့​မှ ကွယ်​ဝှက်​ထား​ခြင်း​ခံ​ရ​၏။

43 အ​ကြောင်း​မူ​ကား သင်​၏​ရန်​သူ​တို့​သည် က​တုတ်​တည်​၍ သင့်​ကို​ဝိုင်း​ရံ​လျက် အ​ဘက်​ဘက်​မှ သင့်​ကို​ပိတ်​ဆို့​ထား​ကာ

44 သင်​မှ​စ​၍ သင့်​အ​ထဲ​၌​ရှိ​သော သင်​၏​သား​သ​မီး​တို့​ကို မြေ​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​သ​ဖြင့် သင့်​အ​ထဲ​တွင် ကျောက်​တုံး​တစ်​တုံး​ကို​မျှ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌​မ​ကျန်​ရစ်​စေ​မည့် အ​ချိန်​ကာ​လ​သည် ရောက်​လာ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင့်​ထံ အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ချိန်​ကို သင်​မ​သိ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။