ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:44-48 MSB

44 သင်​မှ​စ​၍ သင့်​အ​ထဲ​၌​ရှိ​သော သင်​၏​သား​သ​မီး​တို့​ကို မြေ​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​သ​ဖြင့် သင့်​အ​ထဲ​တွင် ကျောက်​တုံး​တစ်​တုံး​ကို​မျှ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌​မ​ကျန်​ရစ်​စေ​မည့် အ​ချိန်​ကာ​လ​သည် ရောက်​လာ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင့်​ထံ အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ချိန်​ကို သင်​မ​သိ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

45 ထို့​နောက် ကိုယ်​တော်​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​ပြီး

46 ထို​သူ​တို့​အား “‘ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်​လိမ့်​မည်’​ဟု ကျမ်း​စာ​၌​ရေး​ထား​သော်​လည်း သင်​တို့​သည် ၎င်း​ကို ဓား​ပြ​တို့​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တ​ကား”​ဟု မိန့်​တော်​မူ​၏။

47 ကိုယ်​တော်​သည် ဗိ​မာန်​တော်​၌ နေ့​စဉ်​နေ့​တိုင်း သွန်​သင်​လျက်​နေ​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် လူ​ထု​ခေါင်း​ဆောင်​တို့​သည် ကိုယ်​တော်​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သော်​လည်း

48 လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို အာ​ရုံ​စိုက်​၍​နား​ထောင်​နေ​ကြ​သော​ကြောင့် မည်​သို့​မျှ​မ​ပြု​နိုင်​ကြ​ချေ။