7 ဤအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်သား၏အိမ်သို့ဝင်၍တည်းခိုပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
8 ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
9 ယေရှုကလည်း “ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။
10 အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကိုရှာ၍ ကယ်တင်ရန်ကြွလာ၏”ဟု မိန့်တော်မူ၏။
11 ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို နားထောင်နေသောသူတို့အား ပုံဥပမာတစ်ခုကိုထပ်မံ၍ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာသဖြင့် ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းလာမည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။
12 ကိုယ်တော်က “မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီးပြန်လာရန် ဝေးလံသောတိုင်းပြည်သို့ ခရီးသွားလေ၏။
13 ခရီးမပြုမီ မိမိ၏အစေအပါးဆယ်ဦးကိုခေါ်၍ ငွေဆယ်မိနာ့ပေးလျက် ‘ငါပြန်လာသည်အထိ စီးပွားရှာကြလော့’ဟု မှာထားခဲ့၏။