ရှင်​လု​ကာ​ခ​ရစ်​ဝင် 20:1-7 MSB

1 တစ်​နေ့​သ​၌ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင် လူ​တို့​အား​သွန်​သင်​လျက် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​သည် ရောက်​လာ​၍

2 “သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို​လည်း​ကောင်း၊ ထို​အ​ခွင့်​အာ​ဏာ​ကို မည်​သူ​က သင့်​အား​ပေး​သည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​ကို​ပြော​ပါ”​ဟု ကိုယ်​တော်​အား ဆို​ကြ​၏။

3 ကိုယ်​တော်​က​လည်း “ငါ​သည်​လည်း သင်​တို့​ကို မေး​ခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။

4 ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော”​ဟု ပြန်​၍​မေး​တော်​မူ​၏။

5 ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

6 ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟု ယုံ​ကြည်​ကြ​သော​ကြောင့် သူ​တို့​သည် ငါ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​လိမ့်​မည်”​ဟု ပြော​ဆို​ကြ​၏။

7 ထို့​ကြောင့် သူ​တို့​က “အ​ဘယ်​က​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ပြန်​ဖြေ​ကြ​၏။