ရှင်​လု​ကာ​ခ​ရစ်​ဝင် 20:14-20 MSB

14 သို့​သော် ခြံ​သ​မား​တို့​သည် သူ့​သား​ကို​မြင်​လျှင် ‘ဤ​သူ​သည်​အ​မွေ​ခံ​ဖြစ်​၏။ အ​မွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်​လာ​ရန် သူ့​ကို​သတ်​ကြ​စို့’​ဟု အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​ကြ​ပြီး​လျှင်

15 သူ့​ကို စ​ပျစ်​ခြံ​အ​ပြင်​သို့​နှင်​ထုတ်​ကာ သတ်​ပစ်​ကြ​၏။ သို့​ဖြစ်​လျှင် စ​ပျစ်​ခြံ​ပိုင်​ရှင်​သည် ထို​သူ​တို့​ကို မည်​သို့​ပြု​မည်​နည်း။

16 သူ​သည်​လာ​၍ ထို​ခြံ​သ​မား​တို့​ကို အ​ဆုံး​စီ​ရင်​ကာ စ​ပျစ်​ခြံ​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။ ကြား​ရ​သော​သူ​တို့​က​လည်း “ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်”​ဟု ဆို​ကြ​၏။

17 ကိုယ်​တော်​သည် သူ​တို့​ကို​စူး​စိုက်​ကြည့်​လျက် “‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​၏’​ဟု​ရေး​ထား​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း။

18 ထို​ကျောက်​ပေါ်​သို့​ကျ​သော​သူ​တိုင်း​သည် အ​ပိုင်း​ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​သည် တစ်​စုံ​တစ်​ဦး​အ​ပေါ်​သို့​ကျ​လျှင် ထို​သူ​သည် ညက်​ညက်​ကြေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

19 ကျမ်း​ပြု​ဆ​ရာ​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် မိ​မိ​တို့​အား​ရည်​ညွှန်း​၍ ဤ​ပုံ​ဥ​ပ​မာ​ကို​မိန့်​တော်​မူ​ကြောင်း သိ​ကြ​သ​ဖြင့် ထို​အ​ချိန်​မှာ​ပင် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် ရှာ​ကြံ​ကြ​၏။ သို့​သော်​သူ​တို့​သည် လူ​တို့​ကို​ကြောက်​ကြ​၏။

20 ထို့​ကြောင့် သူ​တို့​သည် ကိုယ်​တော်​ကို​စောင့်​ကြည့်​လျက် နှုတ်​တော်​ထွက်​စ​ကား​တွင် အ​ပြစ်​ရှာ​၍ ကိုယ်​တော်​ကို ဘု​ရင်​ခံ​၏​အုပ်​ချုပ်​မှု​အာ​ဏာ​အောက်​သို့ အပ်​နှံ​နိုင်​ရန် ဖြောင့်​မတ်​သူ​အ​ဖြစ် ဟန်​ဆောင်​သော​သူ​လျှို​များ​ကို စေ​လွှတ်​ကြ​၏။