ရှင်​လု​ကာ​ခ​ရစ်​ဝင် 20:21-27 MSB

21 ထို​သူ​လျှို​တို့​က “ဆ​ရာ၊ ဆ​ရာ​သည် မှန်​ကန်​စွာ​ဟော​ပြော​သွန်​သင်​၍ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

22 ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ကျွန်ုပ်​တို့​အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

23 သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော်​မူ​၍

24 “ငါ့​ကို ဒေ​နာ​ရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်​သူ​၏​ပုံ၊ မည်​သူ​၏​ကမ္ပည်း​စာ​ပါ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “ဆီ​ဇာ​ဧ​က​ရာဇ်​၏​ပုံ​နှင့် ကမ္ပည်း​စာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

25 ကိုယ်​တော်​က​လည်း “ဆီ​ဇာ​ဧ​က​ရာဇ်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဆီ​ဇာ​ဧ​က​ရာဇ်​အား​ဆက်​သ​၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား​ဆက်​သ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

26 သူ​တို့​သည် လူ​တို့​ရှေ့​တွင် ကိုယ်​တော်​၏​စ​ကား​အ​မှား​ကို ကျော့​ဖမ်း​၍​မ​ရ​နိုင်​သည့်​အ​ပြင် ကိုယ်​တော်​၏​ဖြေ​ကြား​ပုံ​ကို​အံ့​သြ​လျက် တိတ်​ဆိတ်​သွား​ကြ​၏။

27 ထို့​နောက် ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည် ချဉ်း​ကပ်​လာ​၍