68 သင်တို့ကိုငါမေးလျှင်လည်း သင်တို့ဖြေကြမည်မဟုတ်။
69 သို့သော် ယခုမှစ၍ လူ့သားသည် ဘုရားသခင်၏တန်ခိုးတော်လက်ယာဘက်၌ ထိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။
70 ထိုအခါ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်ဖြစ်သလော”ဟု ဆိုကြ၏။ ကိုယ်တော်ကလည်း “သင်တို့ဆိုသည့်အတိုင်း ငါဖြစ်၏”ဟု မိန့်တော်မူ၏။
71 သူတို့ကလည်း “ငါတို့ကိုယ်တိုင် သူ၏နှုတ်မှ ထိုစကားကိုကြားရပြီဖြစ်၍ မည်သည့်သက်သေလိုသေးသနည်း”ဟု ဆိုကြ၏။