ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:1-6 MSB

1 ထို့​နောက် တ​ရား​လွှတ်​တော်​၌​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ထ​၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ရှေ့​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင်

2 “ဤ​သူ​သည် ဆီ​ဇာ​ဧ​က​ရာဇ်​အား အ​ခွန်​တော်​မ​ဆက်​သ​ရန်​တား​မြစ်​ကာ မိ​မိ​ကိုယ်​ကို ခ​ရစ်​တော်​တည်း​ဟူ​သော​ဘု​ရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြော​ဆို​၍ အ​ကျွန်ုပ်​တို့​၏​ပြည်​သူ​လူ​ထု​ကို ဖောက်​ပြန်​လမ်း​လွဲ​စေ​ကြောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​သည်”​ဟု ကိုယ်​တော်​ကို​စွပ်​စွဲ​ပြော​ဆို​ကြ​၏။

3 ပိ​လတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု ကိုယ်​တော်​အား မေး​လျှင် ကိုယ်​တော်​က “သင်​ပြော​သည့်​အ​တိုင်း​ပေ​တည်း”​ဟု ပြန်​ဖြေ​တော်​မူ​၏။

4 ထို​အ​ခါ ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် လူ​ထု​ပ​ရိ​သတ်​တို့​အား “ဤ​သူ​၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​တွေ့”​ဟု ဆို​၏။

5 သို့​သော် သူ​တို့​က “သူ​သည် ဂါ​လိ​လဲ​နယ်​မှ​စ​၍ ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင် ယု​ဒ​နယ်​တစ်​နယ်​လုံး​၌​သွန်​သင်​လျက် လူ​ထု​ကို​လှုံ့​ဆော်​ခဲ့​ပါ​သည်”​ဟု အ​ပြင်း​အ​ထန်​ပြော​ဆို​ကြ​၏။

6 ပိ​လတ်​မင်း​သည် ထို​စ​ကား​ကို​ကြား​လျှင် ဤ​သူ​သည် ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သ​လော​ဟု​မေး​မြန်း​ပြီး​မှ