ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:11-17 MSB

11 ဟေ​ရုဒ်​သည်​လည်း မိ​မိ​စစ်​သား​များ​နှင့်​အ​တူ ကိုယ်​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​လျက် ပြောင်​လှောင်​ကာ တင့်​တယ်​သော​ဝတ်​လုံ​ကို​ဝတ်​စေ​ပြီး​လျှင် ပိ​လတ်​မင်း​ထံ​သို့ ပြန်​ပို့​လေ​၏။

12 ဟေ​ရုဒ်​နှင့်​ပိ​လတ်​မင်း​တို့​သည် ယ​ခင်​က တစ်​ဦး​နှင့်​တစ်​ဦး​ရန်​ဘက်​ဖြစ်​ခဲ့​သော်​လည်း ထို​နေ့​တွင် မိတ်​ဆွေ​ဖြစ်​လာ​ကြ​၏။

13 ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ၊ အုပ်​ချုပ်​သူ​များ​နှင့် လူ​ထု​တို့​ကို စု​ဝေး​စေ​၍

14 “သင်​တို့​သည် လူ​ထု​ကို​မှား​ယွင်း​စေ​ရန်​လှုံ့​ဆော်​သူ​အ​ဖြစ် ဤ​သူ​ကို ငါ့​ထံ​သို့​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်​ဆေး​ခဲ့​သော်​လည်း ဤ​သူ​အ​ပေါ် သင်​တို့​စွပ်​စွဲ​သည့်​အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ​မ​တွေ့။

15 ဟေ​ရုဒ်​သည်​လည်း အ​ပြစ်​မ​တွေ့​သ​ဖြင့် သူ့​ကို ငါ​တို့​ထံ​သို့ ပြန်​ပို့​လိုက်​၏။ သူ​သည် သေ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ခဲ့​ချေ။

16 ထို့​ကြောင့် သူ့​ကို​ဆုံး​မ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။

17 [ထို​သို့​ဆို​ခြင်း​မှာ ပိ​လတ်​မင်း​သည် ပွဲ​တော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သော​ကြောင့်​ဖြစ်​၏။]