ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:41-47 MSB

41 ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ​နှင့် ထိုက်​သင့်​သော​ဒဏ်​ကို​ခံ​ရ​ကြ​သည်​ဖြစ်​၍ အ​မှန်​ပင်​တ​ရား​ပါ​သည်။ ဤ​အ​ရှင်​မူ​ကား မည်​သည့်​အ​ပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။

42 ထို့​နောက် “ယေ​ရှု၊ ကိုယ်​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ကိုယ်​တော်​ကြွ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ​ရ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

43 ကိုယ်​တော်​က​လည်း “သင့်​အား ငါ​အ​မှန်​ဆို​မည်။ သင်​သည် ယ​နေ့​ပင် ငါ​နှင့်​အ​တူ​ပ​ရ​ဒိ​သု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်​မူ​၏။

44 ထို​အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။ ထို​မှ​မွန်း​လွဲ​သုံး​နာ​ရီ​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​၌ အ​မှောင်​ကျ​ရောက်​လေ​၏။

45 နေ​၏​အ​လင်း​ကွယ်​ပျောက်​သွား​ပြီး ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​လယ်​မှ​ကွဲ​သွား​လေ​၏။

46 ထို​အ​ခါ ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လျက် “အို အ​ဖ၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​၏​လက်​သို့ အပ်​နှံ​ပါ​၏”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​သို့​မြွက်​ဆို​ပြီး​နောက် အ​သက်​ချုပ်​ငြိမ်း​တော်​မူ​၏။

47 ဤ​အ​ဖြစ်​အ​ပျက်​များ​ကို တွေ့​မြင်​သော​တပ်​မှူး​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် “ဤ​သူ​သည် အ​မှန်​ပင်​ဖြောင့်​မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။