ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:46-52 MSB

46 ထို​အ​ခါ ယေ​ရှု​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လျက် “အို အ​ဖ၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​၏​လက်​သို့ အပ်​နှံ​ပါ​၏”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​သို့​မြွက်​ဆို​ပြီး​နောက် အ​သက်​ချုပ်​ငြိမ်း​တော်​မူ​၏။

47 ဤ​အ​ဖြစ်​အ​ပျက်​များ​ကို တွေ့​မြင်​သော​တပ်​မှူး​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် “ဤ​သူ​သည် အ​မှန်​ပင်​ဖြောင့်​မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။

48 ထို​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန် စု​ဝေး​လာ​ကြ​သော​လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​ဖြစ်​အ​ပျက်​များ​ကို​မြင်​၍ ရင်​ဘတ်​စည်​တီး​လျက်​ပြန်​သွား​ကြ​၏။

49 ကိုယ်​တော်​ကို​သိ​ကျွမ်း​သော​သူ​အ​ပေါင်း​တို့​မှ​စ​၍ ဂါ​လိ​လဲ​နယ်​မှ ကိုယ်​တော်​၏​နောက်​သို့​လိုက်​လာ​ကြ​သော အ​မျိုး​သ​မီး​တို့​သည် အ​ဝေး​မှ​ရပ်​လျက် ဤ​အ​ခြင်း​အ​ရာ​များ​ကို​ကြည့်​နေ​ကြ​၏။

50 ထို​အ​ချိန်​အ​ခါ​၌ ဖြောင့်​မတ်​၍​သူ​တော်​ကောင်း​ဖြစ်​သည့် ယော​သပ်​အ​မည်​ရှိ​သော လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ​၏။

51 သူ​သည် လွှတ်​တော်​၏​ဆုံး​ဖြတ်​ချက်​နှင့် လုပ်​ဆောင်​ချက်​တို့​ကို သ​ဘော​မ​တူ​ခဲ့​ပေ။ ယော​သပ်​သည် ယု​ဒ​ပြည်၊ အ​ရိ​မ​သဲ​မြို့​သား​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို စောင့်​မျှော်​နေ​သူ​လည်း​ဖြစ်​၏။

52 သူ​သည် ပိ​လတ်​မင်း​ထံ​သို့​သွား​၍ ယေ​ရှု​၏​အ​လောင်း​တော်​ကို တောင်း​ပြီး​လျှင်