14 စစ်မှုထမ်းများသည်လည်း “အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် ယောဟန်က “သူတစ်ပါးထံမှ ငွေညှစ်ယူခြင်း၊ မတရားတောင်းခံခြင်း မပြုကြနှင့်။ မိမိတို့ရသောလခနှင့် ရောင့်ရဲကြလော့”ဟု ပြန်ပြောလေ၏။
15 လူတို့သည် စောင့်မျှော်လျက်နေကြသဖြင့် လူတိုင်း ယောဟန်နှင့်ပတ်သက်၍ “သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု မိမိတို့စိတ်ထဲ၌တွေးတောဆင်ခြင်နေကြ၏။
16 ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ငါ့ထက်ကြီးမြတ်သောအရှင်သည် ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်။
17 မိမိ၏ကောက်နယ်တလင်းကိုလည်း အကုန်အစင်ရှင်းလင်းပြီး ဂျုံဆန်ကို မိမိ၏ကျီ၌စုသိမ်းရန် လက်တော်၌ ဆန်ကောကိုကိုင်ထားတော်မူ၏။ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်”ဟု လူအပေါင်းတို့အားပြန်ပြောလေ၏။
18 ထိုသို့ ယောဟန်သည် အခြားသောအကြောင်းအရာအမျိုးမျိုးတို့ဖြင့် တိုက်တွန်းနှိုးဆော်ကာ လူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
19 သို့ရာတွင် နယ်စားဟေရုဒ်သည် မိမိအစ်ကို၏ဇနီး ဟေရောဒိနှင့်ပတ်သက်၍လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော မကောင်းမှုအလုံးစုံတို့နှင့်ပတ်သက်၍လည်းကောင်း ယောဟန်၏ဆိုဆုံးမခြင်းကိုခံရသောအခါ
20 ယောဟန်ကို ထောင်ထဲ၌ပိတ်လှောင်ထားခြင်းအားဖြင့် သူ၏မကောင်းမှုအလုံးစုံတို့အပေါ် ဤမကောင်းမှုကိုလည်း ထပ်ဆင့်၍ပြုလေ၏။