ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:30-36 MSB

30 သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေး​ကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။

31 သင်​တို့​သည် သူ​တစ်​ပါး​အား​သင်​တို့​အ​ပေါ်​ပြု​စေ​လို​သည့်​အ​တိုင်း သူ​တစ်​ပါး​အ​ပေါ်​ပြု​ကြ​လော့။

32 သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် မိ​မိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။

33 သင်​တို့​အ​တွက် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို​ပြု​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ကြောင်း​မူ​ကား အ​ပြစ်​သား​တို့​ပင်​လျှင် ထို​နည်း​တူ​ပြု​ကြ​၏။

34 ပြန်​လည်​ရ​ရှိ​မည်​ဟု​မျှော်​လင့်​လျက် သူ​တစ်​ပါး​အား​သင်​တို့​ချေး​ငှား​လျှင် သင်​တို့​၌ မည်​သည့်​ဂုဏ်​ယူ​စ​ရာ​ရှိ​သ​နည်း။ အ​ပြစ်​သား​တို့​ပင်​လျှင် မူ​လ​ပ​မာ​ဏ​အ​တိုင်း​ပြန်​လည်​ရ​ရှိ​ရန် သူ​တို့​အ​ချင်း​ချင်း​ချေး​ငှား​ကြ​၏။

35 သို့​သော် သင်​တို့​သည် သင်​တို့​၏​ရန်​သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ မည်​သည့်​အ​ရာ​မျှ ပြန်​လည်​ရ​ရှိ​ရန်​မ​မျှော်​လင့်​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​ရ​ရှိ​မည့်​ဆု​လာဘ်​သည်​ကြီး​မား​၍ သင်​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ထို​အ​ရှင်​သည် ကျေး​ဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေး​ဇူး​ပြု​တော်​မူ​၏။

36 သင်​တို့​၏​အ​ဖ​သည် က​ရု​ဏာ​နှင့်​ပြည့်​စုံ​တော်​မူ​သည့်​နည်း​တူ သင်​တို့​သည်​လည်း က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြ​လော့။