42 သင်သည် မိမိမျက်စိထဲမှ သစ်တုံးကိုမမြင်ဘဲ ‘ညီအစ်ကို၊ သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု သင့်ညီအစ်ကိုအား မည်သို့ပြောနိုင်မည်နည်း။ သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။
43 မကောင်းသောအသီးကိုသီးသော ကောင်းသည့်အပင်မရှိ။ ကောင်းသောအသီးကိုသီးသော မကောင်းသည့်အပင်လည်းမရှိ။
44 အပင်တိုင်းကို ၎င်း၏အသီးအားဖြင့် သိရ၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကိုဆွတ်ခူး၍မရနိုင်။ ချုံပုတ်မှလည်း စပျစ်သီးကိုမစုသိမ်းနိုင်။
45 ကောင်းသောသူသည် ကောင်းသောအရာကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
46 သင်တို့သည် ငါ့ကို ‘သခင်၊ သခင်’ဟု ခေါ်ကြပြီး အဘယ်ကြောင့် ငါပြောသောအရာကိုမကျင့်သုံးဘဲနေကြသနည်း။
47 ငါ့ထံသို့လာပြီး ငါ့တရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။
48 သူသည် မြေကိုနက်စွာတူးပြီးလျှင် ကျောက်ပေါ်၌ အုတ်မြစ်ချ၍ အိမ်ဆောက်သောသူနှင့်တူ၏။ ရေလွှမ်းမိုး၍ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သော်လည်း ခိုင်ခံ့စွာတည်ဆောက်ထားသောကြောင့် ထိုအိမ်ကိုမလှုပ်ရှားစေနိုင်။