40 ထိုအခါ ယေရှုက “ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏”ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။
41 ယေရှုကလည်း “ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။
42 သူတို့၌ အကြွေးဆပ်စရာမရှိသောကြောင့် ကြွေးရှင်သည် နှစ်ဦးစလုံးတို့၏အကြွေးကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်း”ဟု မေးတော်မူ၏။
43 ရှိမုန်ကလည်း “ပို၍များသောအကြွေးကို လျှော်ပစ်ခြင်းခံရသူဖြစ်မည်ထင်ပါ၏”ဟု လျှောက်လျှင် ကိုယ်တော်က “သင်ယူဆသည့်အတိုင်းမှန်၏”ဟု မိန့်တော်မူ၏။
44 ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား “ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။
45 သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ဝင်လာသည့်အချိန်မှစ၍ ငါ့ခြေကိုအဆက်မပြတ်နမ်းလျက်နေ၏။
46 သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။