ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:14-20 MSB

14 (ထို​သို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါး​ထောင်​ခန့်​မျှ​ရှိ​သော​ကြောင့်​ဖြစ်​၏။) ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “လူ​တို့​ကို ငါး​ဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

15 တ​ပည့်​တော်​တို့​သည်​လည်း အ​မိန့်​တော်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျက် လူ​အား​လုံး​တို့​ကို​ထိုင်​စေ​ကြ​၏။

16 ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကာ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​လျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူ​ထု​ပ​ရိ​သတ်​ကို​ဝေ​ပေး​ရန် တ​ပည့်​တော်​တို့​အား​ပေး​တော်​မူ​၏။

17 လူ​အ​ပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့​နောက် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​ရာ တစ်​ဆယ့်​နှစ်​တောင်း​ရ​ကြ​၏။

18 တစ်​နေ့​သ​၌ ကိုယ်​တော်​သည် တစ်​ပါး​တည်း​ဆု​တောင်း​လျက်​နေ​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က “လူ​ထု​ပ​ရိ​သတ်​တို့​သည် ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ သူ​တို့​အား မေး​တော်​မူ​၏။

19 သူ​တို့​က​လည်း “ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့​သော် အ​ချို့​တို့​က ဧ​လိ​ယ​ဟု ဆို​ကြ​၍ အ​ချို့​တို့​က​လည်း ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ​၍ ပြန်​လျှောက်​ကြ​၏။

20 ယေ​ရှု​က​လည်း “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင် ပေ​တ​ရု​က “ဘု​ရား​သ​ခင်​၏​ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။