ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:21-27 MSB

21 ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​အား သ​တိ​ပေး​လျက် ဤ​အ​ကြောင်း​ကို မည်​သူ့​ကို​မျှ​မ​ပြော​ရန် အ​မိန့်​ပေး​တော်​မူ​ပြီး​လျှင်

22 “လူ့​သား​သည် ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​လျက် သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ​၍ အ​သေ​သတ်​ခြင်း​ခံ​ရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

23 ထို့​နောက် လူ​အ​ပေါင်း​တို့​အား “မည်​သူ​မ​ဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိ​မိ​ကိုယ်​ကို​ငြင်း​ပယ်​ပြီး မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို နေ့​စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။

24 အ​ကြောင်း​မှာ မိ​မိ​အ​သက်​ကို​ကယ်​တင်​လို​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် မိ​မိ​အ​သက်​ကို​ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား မိ​မိ​အ​သက်​ကို​ကယ်​တင်​လိမ့်​မည်။

25 လူ​သည် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​ရ​ရှိ​သော်​လည်း သူ​ကိုယ်​တိုင်​ပျက်​စီး​လျှင် သို့​မ​ဟုတ် ဆုံး​ရှုံး​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

26 မည်​သူ​မ​ဆို ငါ​နှင့်​ငါ့​တ​ရား​စ​ကား​အ​တွက်​ရှက်​လျှင် လူ့​သား​သည်​လည်း မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​နှင့် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​တို့​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ ထို​သူ​အ​တွက်​ရှက်​လိမ့်​မည်။

27 သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​နေ​ရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်း​စမ်း​ရ​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။