ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:56-62 MSB

56 ထို့​နောက် သူ​တို့​သည် အ​ခြား​သော​ရွာ​သို့​သွား​ကြ​၏။

57 သူ​တို့​သည် လမ်း​၌​ခ​ရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်​တော်​သွား​သည့်​နေ​ရာ​တိုင်း​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။

58 ယေ​ရှု​က​လည်း “မြေ​ခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်း​ကင်​ငှက်​တို့​၌​လည်း အ​သိုက်​များ​ရှိ​ကြ​၏။ လူ့​သား​၌​မူ​ကား ခေါင်း​ချ​စ​ရာ​နေ​ရာ​မ​ရှိ”​ဟု မိန့်​တော်​မူ​၏။

59 ကိုယ်​တော်​သည် အ​ခြား​သော​သူ​တစ်​ဦး​အား “ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။ သို့​သော် ထို​သူ​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဖ​ခင်​ကို ဦး​စွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

60 ကိုယ်​တော်​က​လည်း “လူ​သေ​တို့​သည် မိ​မိ​တို့​၏​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါ​လေ​စေ။ သင်​မူ​ကား သွား​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော​ပြော​လော့”​ဟု မိန့်​တော်​မူ​၏။

61 အ​ခြား​သော​သူ​တစ်​ဦး​က​လည်း “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့​သော် အ​ကျွန်ုပ်​၏​အိမ်​သူ​အိမ်​သား​များ​ကို ဦး​စွာ​သွား​၍ နှုတ်​ဆက်​ခွင့်​ပြု​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

62 ယေ​ရှု​က​လည်း “ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်​ကြည့်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​မ​ထိုက်​တန်”​ဟု မိန့်​တော်​မူ​၏။