ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:6-12 MSB

6 သူ​တို့​သည်​လည်း ထွက်​သွား​ပြီး​လျှင် တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​ကာ အ​ရပ်​ရပ်​တို့​တွင် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။

7 နယ်​စား​ဟေ​ရုဒ်​သည် ဖြစ်​ပျက်​နေ​သော​အ​ရာ​အား​လုံး​ကို​ကြား​ရ​သော​အ​ခါ ဝေ​ခွဲ​မ​ရ​ဖြစ်​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လူ​အ​ချို့​တို့​က “ယော​ဟန်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊

8 အ​ချို့​တို့​က “ဧ​လိ​ယ​ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

9 ဟေ​ရုဒ်​က​လည်း “ယော​ဟန်​၏​ဦး​ခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့​ရာ​တွင် ဤ​မျှ​လောက် ငါ​သ​တင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်​သူ​နည်း”​ဟု ဆို​လျက် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ရန် ရှာ​ကြံ​လေ​၏။

10 တ​မန်​တော်​တို့​သည် ပြန်​လာ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား ကြား​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်​ဇဲ​ဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​၏။

11 သို့​သော် လူ​ထု​ပ​ရိ​သတ်​များ​သည် သိ​ကြ​သ​ဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ကြို​ဆို​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​တော်​မူ​၏။ ကျန်း​မာ​ခြင်း​လို​အပ်​သော​သူ​တို့​ကို​လည်း ကျန်း​မာ​စေ​တော်​မူ​၏။

12 ည​နေ​စောင်း​သော​အ​ခါ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အ​ရပ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​တို့​သည် ဝန်း​ကျင်​ရှိ ကျေး​လက်​တော​ရွာ​များ​သို့​သွား​၍ တည်း​ခို​နိုင်​ရန်​နှင့် အ​စား​အ​စာ​များ​ရ​ရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။