ရှင်​လု​ကာ​ခ​ရစ်​ဝင် 9:8-14 MSB

8 အ​ချို့​တို့​က “ဧ​လိ​ယ​ပေါ်​ထွန်း​လေ​ပြီ”​ဟူ​၍​လည်း​ကောင်း၊ အ​ချို့​တို့​က​လည်း “ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး​ထ​မြောက်​လာ​ပြီ”​ဟူ​၍​လည်း​ကောင်း ပြော​ဆို​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။

9 ဟေ​ရုဒ်​က​လည်း “ယော​ဟန်​၏​ဦး​ခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့​ရာ​တွင် ဤ​မျှ​လောက် ငါ​သ​တင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်​သူ​နည်း”​ဟု ဆို​လျက် ကိုယ်​တော်​ကို​တွေ့​မြင်​ရ​ရန် ရှာ​ကြံ​လေ​၏။

10 တ​မန်​တော်​တို့​သည် ပြန်​လာ​၍ သူ​တို့​ပြု​ခဲ့​သ​မျှ​တို့​ကို ကိုယ်​တော်​အား ကြား​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်​ဇဲ​ဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​၏။

11 သို့​သော် လူ​ထု​ပ​ရိ​သတ်​များ​သည် သိ​ကြ​သ​ဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​သည် သူ​တို့​ကို​ကြို​ဆို​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​တော်​မူ​၏။ ကျန်း​မာ​ခြင်း​လို​အပ်​သော​သူ​တို့​ကို​လည်း ကျန်း​မာ​စေ​တော်​မူ​၏။

12 ည​နေ​စောင်း​သော​အ​ခါ တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “အ​ကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အ​ရပ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​တို့​သည် ဝန်း​ကျင်​ရှိ ကျေး​လက်​တော​ရွာ​များ​သို့​သွား​၍ တည်း​ခို​နိုင်​ရန်​နှင့် အ​စား​အ​စာ​များ​ရ​ရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်​လွှတ်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

13 သို့​သော် ကိုယ်​တော်​က “သင်​တို့​ကိုယ်​တိုင် သူ​တို့​အား စား​စ​ရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အား​လုံး​အ​တွက် အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​ပါ​က အ​ကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

14 (ထို​သို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါး​ထောင်​ခန့်​မျှ​ရှိ​သော​ကြောင့်​ဖြစ်​၏။) ထို​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “လူ​တို့​ကို ငါး​ဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။