တ​မန်​တော်​ဝတ္ထု 10:14-20 MSB

14 သို့​သော် ပေ​တ​ရု​က “မ​ဖြစ်​နိုင်​ပါ သ​ခင်​ဘု​ရား၊ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​သည် ညစ်​ညူး​သော​အ​ရာ​နှင့်​မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။

15 ထို​အ​ခါ ဒု​တိ​ယ​အ​ကြိမ် အ​သံ​ထပ်​မံ​ထွက်​ပေါ်​လာ​၍ “ဘု​ရား​သ​ခင်​စင်​ကြယ်​စေ​သည့်​အ​ရာ​ကို ညစ်​ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု​ဆို​လေ​၏။

16 ဤ​သို့ သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပြီး​နောက် ထို​အ​ရာ​သည် ကောင်း​ကင်​သို့ ချက်​ချင်း​ဆောင်​ယူ​သွား​ခြင်း​ခံ​ရ​၏။

17 မိ​မိ​မြင်​ရ​သော​ရူ​ပါ​ရုံ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း ပေ​တ​ရု​သည် စိတ်​ထဲ​၌ ဝေ​ခွဲ​မ​ရ​ဖြစ်​နေ​စဉ် ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ​တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​ပြီး အိမ်​တံ​ခါး​ရှေ့​သို့ ရောက်​လာ​ကြ​၏။

18 သူ​တို့​သည် လှမ်း​ခေါ်​၍ “ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​သည် ဤ​အိမ်​တွင် တည်း​ခို​နေ​ပါ​သ​လော”​ဟု မေး​မြန်း​ကြ​၏။

19 ပေ​တ​ရု​သည် ရူ​ပါ​ရုံ​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် ဝိ​ညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။

20 သူ​တို့​ကို ငါ​စေ​လွှတ်​လိုက်​သည်​ဖြစ်​၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံ​သ​ယ​မ​ရှိ​ဘဲ သူ​တို့​နှင့်​အ​တူ​လိုက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။