တ​မန်​တော်​ဝတ္ထု 18 MSB

ကော​ရိန္သု​အ​သင်း​တော်​တည်​ထောင်​ခြင်း

1 ထို့​နောက် ပေါ​လု​သည် အေ​သင်​မြို့​မှ ထွက်​ခွာ​၍ ကော​ရိန္သု​မြို့​သို့ ရောက်​လေ​ရာ

2 ပုန္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​ဂျူး​လူ​မျိုး​တစ်​ဦး​နှင့်​တွေ့​လေ​၏။ က​လော​ဒိ​မင်း​သည် ဂျူး​လူ​မျိုး​အား​လုံး ရော​မ​မြို့​မှ ထွက်​သွား​ရ​မည့်​အ​ကြောင်း အ​မိန့်​ထုတ်​ပြန်​သော​ကြောင့် သူ​သည် မိ​မိ​ဇ​နီး​ပြစ်​ကိ​လ​နှင့်​အ​တူ မ​ကြာ​မီ​က အီ​တ​လီ​ပြည်​မှ ရောက်​လာ​ခြင်း​ဖြစ်​၏။ ပေါ​လု​သည် သူ​တို့​ထံ​သို့​သွား​၍

3 အ​လုပ်​ချင်း​တူ​သော​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​လျက် အ​လုပ်​လုပ်​လေ​၏။ အ​ကြောင်း​မူ​ကား အ​လုပ်​အ​ကိုင်​အ​ရ သူ​တို့​သည် ရွက်​ထည်​တဲ​ချုပ်​သူ​များ​ဖြစ်​ကြ​၏။

4 ပေါ​လု​သည် ဥ​ပုသ်​နေ့​တိုင်း​တွင် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​၌ ဆွေး​နွေး​ပြော​ဆို​လျက် ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​တို့​ကို စည်း​ရုံး​လေ​၏။

5 သိ​လ​နှင့်​တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ဆင်း​လာ​ကြ​သော​အ​ခါ ပေါ​လု​သည် နှုတ်​က​ပတ်​တော်​ဟော​ပြော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်​လျက် ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ဂျူး​လူ​မျိုး​တို့​အား သက်​သေ​ခံ​လေ​၏။

6 သို့​သော် ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​ဆန့်​ကျင်​၍ စော်​ကား​ပြော​ဆို​ကြ​သော​အ​ခါ သူ​သည် အ​ဝတ်​ကို​ခါ​ချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်​၌​တည်​စေ။ ငါ​မူ​ကား ၎င်း​နှင့်​ကင်း​ရှင်း​၏။ ယ​ခု​မှ​စ​၍ ငါ​သည် လူ​မျိုး​ခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီး​လျှင်

7 ထို​နေ​ရာ​မှ ထွက်​ခွာ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော တိ​တု​ယု​စ​တု​အ​မည်​ရှိ​သော​သူ​၏​အိမ်​သို့ သွား​လေ​၏။ သူ​၏​အိမ်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​နှင့်​ကပ်​လျက်​ရှိ​၏။

8 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​က​ရိပ္ပု​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​လေ​၏။ အ​ခြား​ကော​ရိန္သု​မြို့​သား​အ​မြောက်​အ​မြား​တို့​သည်​လည်း ကြား​နာ​၍ ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​ခံ​ကြ​၏။

9 တစ်​ည​တွင် သ​ခင်​ဘု​ရား​သည် ရူ​ပါ​ရုံ​အား​ဖြင့် ပေါ​လု​အား “မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ​မ​နေ​ဘဲ ဟော​ပြော​လော့။

10 အ​ကြောင်း​မူ​ကား ငါ​သည် သင်​နှင့်​အ​တူ​ရှိ​၏။ မည်​သူ​မျှ သင့်​ကို မ​တ​ရား​နှိပ်​စက်​၍ ထိ​ခိုက်​စေ​မည်​မ​ဟုတ်။ ဤ​မြို့​တွင် ငါ​နှင့်​ဆိုင်​သော​လူ များ​စွာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

11 သို့​ဖြစ်​၍ ပေါ​လု​သည် ထို​မြို့​၌ တစ်​နှစ်​နှင့်​ခြောက်​လ​နေ​ထိုင်​လျက် သူ​တို့​အ​လယ်​တွင် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို သွန်​သင်​လေ​၏။

12 သို့​သော် ဂါ​လျုန်​သည် အ​ခါ​ယ​ပြည်​၏​အုပ်​ချုပ်​ရေး​မှူး​ဖြစ်​စဉ် ဂျူး​လူ​မျိုး​တို့​သည် ပေါ​လု​ကို တ​ညီ​တ​ညွတ်​တည်း​ဆန့်​ကျင်​၍ သူ့​ကို တ​ရား​ခွင်​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်

13 “ဤ​သူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆန့်​ကျင်​လျက် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​ကြ​ရန် လူ​တို့​ကို​စည်း​ရုံး​နေ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

14 ပေါ​လု​သည်​လည်း နှုတ်​ကို​ဖွင့်​၍​ပြော​ဆို​မည်​ပြု​စဉ် ဂါ​လျုန်​က ဂျူး​လူ​မျိုး​တို့​အား “အို ဂျူး​အ​မျိုး​သား​တို့၊ ဤ​အ​မှု​သည် မ​တ​ရား​မှု​သို့​မ​ဟုတ် ဆိုး​ညစ်​သော​ပြစ်​မှု တစ်​စုံ​တစ်​ရာ​ဖြစ်​လျှင် ငါ​သည် သင်​တို့​အ​တွက် သည်း​ခံ​သင့်​ပါ​သည်။

15 သို့​သော် ၎င်း​သည် သင်​တို့​၏​ပ​ညတ်​တ​ရား၊ စ​ကား၊ အ​မည်​နာ​မ​များ​နှင့်​ပတ်​သက်​သည့် ပြဿ​နာ​များ​ဖြစ်​သည်​ဆို​လျှင် သင်​တို့​ကိုယ်​တိုင် ကြည့်​ရှု​ဖြေ​ရှင်း​ရ​မည်။ ငါ​သည် ထို​အ​မှု​မျိုး​ကို​တ​ရား​စီ​ရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက်

16 သူ​တို့​ကို တ​ရား​ခွင်​မှ နှင်​ထုတ်​လေ​၏။

17 ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​သုဿင်​ကို ဖမ်း​ဆီး​၍ တ​ရား​ခွင်​ရှေ့​၌ ရိုက်​နှက်​ကြ​၏။ သို့​ရာ​တွင် ဂါ​လျုန်​သည် ထို​အ​မှု​များ​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​၏။

အန္တိ​အုတ်​မြို့​သို့​အ​ပြန်​ခ​ရီး

18 ထို့​နောက် ပေါ​လု​သည် ရက်​ပေါင်း​များ​စွာ​ဆက်​၍​နေ​ပြီး​မှ ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ကာ ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​သွား​လေ​၏။ ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည်​လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​ကြ​၏။ ပေါ​လု​သည် အ​ဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်​၍ ရွက်​မ​လွှင့်​မီ ကင်​ခြေ​မြို့​တွင် မိ​မိ​ဦး​ခေါင်း​ကို​ရိတ်​လေ​၏။

19 သူ​တို့​သည် ဧ​ဖက်​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ပေါ​လု​သည် အ​ခြား​သော​သူ​တို့​ကို ထို​နေ​ရာ​၌​ထား​ခဲ့​ပြီး ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လေ​၏။

20 လူ​တို့​သည် သူ့​အား​ပို​၍​ကြာ​မြင့်​စွာ​နေ​ထိုင်​ရန် တောင်း​ပန်​ကြ​သော်​လည်း သူ​သည် မ​လိုက်​လျော​ဘဲ

21 “ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင် သင်​တို့​ထံ​သို့ နောက်​တစ်​ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် ဧ​ဖက်​မြို့​မှ ရွက်​လွှင့်​သွား​လေ​၏။

22 ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လျှင် ဂျေ​ရု​ဆ​လင်​မြို့​သို့ တက်​သွား​၍ အ​သင်း​တော်​ကို​နှုတ်​ဆက်​ပြီး​မှ အန္တိ​အုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။

23 သူ​သည် ထို​နေ​ရာ​၌ အ​ချိန်​အ​တန်​ကြာ​နေ​ပြီး​နောက် ပြန်​လည်​ထွက်​ခွာ​၍ ဂ​လာ​တိ​ပြည်​နှင့်​ဖြူ​ဂိ​ပြည်​တို့​ကို အ​စဉ်​လိုက်​လှည့်​လည်​ကာ တ​ပည့်​တော်​အား​လုံး​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​၏။

နှုတ်​ရေး​ကောင်း​သော အာ​ပေါ​လု

24 ထို​စဉ် အာ​ပေါ​လု​အ​မည်​ရှိ​သော အ​လက်​ဇန္ဒြိ​ယ​မြို့​သား ဂျူး​လူ​မျိုး​တစ်​ဦး​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်​ရေး​ကောင်း​၍ ကျမ်း​စာ​ကို​လည်း တတ်​ကျွမ်း​သူ​ဖြစ်​၏။

25 သူ​သည် သ​ခင်​ဘု​ရား​၏​တ​ရား​လမ်း​ကို သင်​ယူ​ထား​ပြီး ဝိ​ညာဉ်​ရေး​၌​ထက်​သန်​လျက် ယေ​ရှု​အ​ကြောင်း​ကို တိ​ကျ​သေ​ချာ​စွာ​ဟော​ပြော​သွန်​သင်​လေ​၏။ သို့​သော် ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို​သာ သိ​၏။

26 သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​၌ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​၏။ ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​သည် သူ​ဟော​ပြော​သည်​ကို​ကြား​ကြ​သော​အ​ခါ သူ့​ကို​ဖိတ်​ခေါ်​၍ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ပို​၍​သေ​ချာ​စွာ​ရှင်း​ပြ​ကြ​၏။

27 အာ​ပေါ​လု​သည် အ​ခါ​ယ​ပြည်​သို့​သွား​လို​သော​အ​ခါ ညီ​အစ်​ကို​များ​သည် သူ့​ကို​အား​ပေး​၍ ထို​ပြည်​ရှိ​တ​ပည့်​တော်​များ​အား သူ့​ကို ကြို​ဆို​လက်​ခံ​ရန် စာ​ရေး​ပေး​ကြ​၏။ သူ​သည် ရောက်​သော​အ​ခါ ကျေး​ဇူး​တော်​အား​ဖြင့်​ယုံ​ကြည်​လာ​သူ​များ​ကို များ​စွာ​ကူ​ညီ​လေ​၏။

28 အ​ကြောင်း​မူ​ကား သူ​သည် ကျမ်း​စာ​အား​ဖြင့် ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ထောက်​ပြ​လျက် လူ​အ​များ​ရှေ့​တွင် ဂျူး​လူ​မျိုး​တို့​ကို ပိုင်​နိုင်​စွာ​ချေ​ပ​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28