တ​မန်​တော်​ဝတ္ထု 10 MSB

ပေ​တ​ရု​နှင့်​ကော်​နေ​လိ

1 ဆီ​ဇာ​ရီး​ယား​မြို့​တွင် အီ​တ​လီ​တပ်​ဟု​ခေါ်​သော​တပ်​ဖွဲ့​မှ ကော်​နေ​လိ​အ​မည်​ရှိ​သော တပ်​မှူး​တစ်​ယောက်​ရှိ​၏။

2 သူ​သည် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်​သူ​အိမ်​သား​အား​လုံး​နှင့်​တ​ကွ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​၍ ဂျူး​လူ​မျိုး​တို့​အား များ​စွာ​ပေး​ကမ်း​စွန့်​ကြဲ​ကာ ဘု​ရား​သ​ခင်​ထံ အ​မြဲ​ဆု​တောင်း​လျက်​နေ​၏။

3 တစ်​နေ့​သော​အ​ခါ မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​ခန့်​တွင် သူ​သည် မိ​မိ​ထံ​သို့​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ဝင်​လာ​၍ “ကော်​နေ​လိ”​ဟု ခေါ်​သည်​ကို ရူ​ပါ​ရုံ​၌ ထင်​ရှား​စွာ​မြင်​လေ​၏။

4 ထို​ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​ရင်း သူ​သည် ကြောက်​လန့်​၍ “သ​ခင်​ဘု​ရား၊ မည်​သည့်​အ​ကြောင်း​အ​ရာ​ရှိ​ပါ​သ​နည်း”​ဟု မေး​လေ​၏။ ကောင်း​ကင်​တ​မန်​က​လည်း “သင်​၏​ဆု​တောင်း​ခြင်း​နှင့်​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​တို့​သည် အ​မှတ်​ရ​စ​ရာ​အ​ဖြစ် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။

5 ထို့​ကြောင့် ယ​ခု သင်​သည် ယုပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။

6 သူ​သည် သား​ရေ​နယ်​သ​မား​ရှိ​မုန်​အိမ်​၌ တည်း​ခို​နေ​၏။ ထို​အိမ်​သည် ပင်​လယ်​ကမ်း​နား​တွင်​ရှိ​၏”​ဟု မြွက်​ဆို​လေ​၏။

7 မိ​မိ​အား​မြွက်​ဆို​သော​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် အ​စေ​ခံ​နှစ်​ဦး​နှင့် မိ​မိ​အ​နီး​အ​ပါး​တွင်​တာ​ဝန်​ထမ်း​ဆောင်​နေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော စစ်​သား​တစ်​ဦး​ကို​ခေါ်​၍

8 အ​ကြောင်း​စုံ​ကို​ပြော​ပြ​ပြီး​လျှင် သူ​တို့​ကို ယုပ္ပေ​မြို့​သို့ စေ​လွှတ်​လေ​၏။

ပေ​တ​ရု​မြင်​ရ​သော​ရူ​ပါ​ရုံ

9 နောက်​တစ်​နေ့​တွင် ထို​သူ​တို့​သည် ခ​ရီး​ပြု​လျက် ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​လာ​ကြ​စဉ် မွန်း​တည့်​ချိန်​ဝန်း​ကျင်​၌ ပေ​တ​ရု​သည် ဆု​တောင်း​ရန် လေ​သာ​ဆောင်​ပေါ်​သို့ တက်​သွား​လေ​၏။

10 ထို​အ​ချိန်​တွင် သူ​သည် ဆာ​လောင်​လျက် အ​စာ​စား​လို​စိတ်​ဖြစ်​ပေါ်​လေ​၏။ သို့​သော် အ​စား​အ​စာ​များ​ကို လူ​တို့​ပြင်​ဆင်​နေ​ကြ​စဉ် ပေ​တ​ရု​သည် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍

11 ကောင်း​ကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်း​ထား​ပြီး မြေ​ပေါ်​သို့​လျှော​ကျ​လာ​သည့် ရွက်​ထည်​စ​ကြီး​နှင့်​တူ​သော​အ​ရာ​တစ်​ခု နိမ့်​ဆင်း​လာ​သည်​ကို တွေ့​ရ​၏။

12 ထို​အ​ရာ​ထဲ​တွင် မြေ​ကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တ​ဝါ​များ​မှ​စ​၍ တွား​သွား​သတ္တ​ဝါ​များ​နှင့် မိုး​ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​ပါ​၏။

13 ထို့​နောက် “ပေ​တ​ရု၊ ထ​၍​သတ်​စား​လော့”​ဟူ​သော​အ​သံ​သည် သူ့​ထံ​သို့​ရောက်​လာ​၏။

14 သို့​သော် ပေ​တ​ရု​က “မ​ဖြစ်​နိုင်​ပါ သ​ခင်​ဘု​ရား၊ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​သည် ညစ်​ညူး​သော​အ​ရာ​နှင့်​မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။

15 ထို​အ​ခါ ဒု​တိ​ယ​အ​ကြိမ် အ​သံ​ထပ်​မံ​ထွက်​ပေါ်​လာ​၍ “ဘု​ရား​သ​ခင်​စင်​ကြယ်​စေ​သည့်​အ​ရာ​ကို ညစ်​ညူး​သည်​ဟု သင်​မ​ဆို​နှင့်”​ဟု​ဆို​လေ​၏။

16 ဤ​သို့ သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပြီး​နောက် ထို​အ​ရာ​သည် ကောင်း​ကင်​သို့ ချက်​ချင်း​ဆောင်​ယူ​သွား​ခြင်း​ခံ​ရ​၏။

ကော်​နေ​လိ​ထံ ပေ​တ​ရု​ရောက်​ရှိ​ခြင်း

17 မိ​မိ​မြင်​ရ​သော​ရူ​ပါ​ရုံ​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​ကြောင်း ပေ​တ​ရု​သည် စိတ်​ထဲ​၌ ဝေ​ခွဲ​မ​ရ​ဖြစ်​နေ​စဉ် ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ​တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​ပြီး အိမ်​တံ​ခါး​ရှေ့​သို့ ရောက်​လာ​ကြ​၏။

18 သူ​တို့​သည် လှမ်း​ခေါ်​၍ “ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​သည် ဤ​အိမ်​တွင် တည်း​ခို​နေ​ပါ​သ​လော”​ဟု မေး​မြန်း​ကြ​၏။

19 ပေ​တ​ရု​သည် ရူ​ပါ​ရုံ​အ​ကြောင်း​ကို စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် ဝိ​ညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။

20 သူ​တို့​ကို ငါ​စေ​လွှတ်​လိုက်​သည်​ဖြစ်​၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံ​သ​ယ​မ​ရှိ​ဘဲ သူ​တို့​နှင့်​အ​တူ​လိုက်​သွား​လော့”​ဟု မိန့်​တော်​မူ​၏။

21 ထို့​ကြောင့် ပေ​တ​ရု​သည် ဆင်း​သွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်​သည့်​အ​ကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သ​နည်း”​ဟု သူ​တို့​အား မေး​လေ​၏။

22 သူ​တို့​က​လည်း “ဖြောင့်​မတ်​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူ​မျိုး​အား​လုံး​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော​တပ်​မှူး​ကော်​နေ​လိ​သည် သင့်​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​၍ သင့်​ထံ​မှ တ​ရား​စ​ကား​ကို​နား​ထောင်​ရန် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

23 ထို​အ​ခါ ပေ​တ​ရု​သည် သူ​တို့​ကို အိမ်​ထဲ​သို့​ခေါ်​ဖိတ်​လျက် တည်း​ခို​စေ​ပြီး​လျှင် နောက်​တစ်​နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီ​အစ်​ကို​အ​ချို့​တို့​သည်​လည်း သူ​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။

24 နောက်​တစ်​နေ့​၌ သူ​သည် ဆီ​ဇာ​ရီး​ယား​မြို့​သို့ ရောက်​လေ​၏။ ကော်​နေ​လိ​သည် မိ​မိ​၏​ဆွေ​မျိုး​များ​နှင့် ရင်း​နှီး​သော​မိတ်​ဆွေ​များ​ကို စု​ရုံး​ထား​လျက် သူ​တို့​ကို​စောင့်​မျှော်​နေ​၏။

25 ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် သူ့​ကို​ကြို​ဆို​၍ သူ​၏​ခြေ​ရင်း​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​လေ​၏။

26 သို့​သော် ပေ​တ​ရု​သည် သူ့​ကို​ထူ​မ​၍ “ထ​ပါ။ ငါ​ကိုယ်​တိုင်​လည်း သာ​မန်​လူ​သား​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​လေ​၏။

27 ထို့​နောက် ကော်​နေ​လိ​နှင့်​စ​ကား​ပြော​ရင်း အိမ်​ထဲ​သို့​ဝင်​လျှင် လူ​များ​စွာ​တို့​စု​ဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။

28 ထို​အ​ခါ ပေ​တ​ရု​က “ဂျူး​လူ​မျိုး​တို့​အ​တွက် လူ​မျိုး​ခြား​ထံ အ​လည်​အ​ပတ်​သွား​ခြင်း သို့​မ​ဟုတ် သူ​တို့​နှင့်​ပေါင်း​ဖော်​ခြင်း​သည် တ​ရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့​သော် မည်​သူ့​ကို​မျှ ညစ်​ညူး​သော​သူ သို့​မ​ဟုတ် မ​စင်​ကြယ်​သော​သူ​ဟူ​၍ မ​ခေါ်​ရ​မည့်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် ငါ့​အား ပြ​သ​တော်​မူ​ပြီ။

29 ထို့​ကြောင့် ငါ​သည် ခေါ်​ဖိတ်​ခြင်း​ခံ​ရ​သော​အ​ခါ မ​ငြင်း​ဆို​ဘဲ လာ​ခဲ့​၏။ သို့​ဖြစ်​၍ ငါ့​အား မည်​သည့်​အ​ကြောင်း​ကြောင့် ခေါ်​ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။

30 ကော်​နေ​လိ​က​လည်း “လွန်​ခဲ့​သော​သုံး​ရက်​က ဤ​အ​ချိန်​မွန်း​လွဲ​သုံး​နာ​ရီ​တွင် အ​ကျွန်ုပ်​အိမ်​၌ အ​ကျွန်ုပ်​ဆု​တောင်း​နေ​စဉ် တောက်​ပ​သည့်​အ​ဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အ​ကျွန်ုပ်​ရှေ့​၌​ရပ်​လျက်

31 ‘ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​သံ​ကို ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​၍ သင်​၏​ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အောက်​မေ့​စ​ရာ​ဖြစ်​လေ​ပြီ။

32 ထို့​ကြောင့် ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေ​တ​ရု​ဟု​ခေါ်​သော​ရှိ​မုန်​ကို ခေါ်​ဖိတ်​လော့။ သူ​သည် ပင်​လယ်​ကမ်း​နား​ရှိ သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​၌ တည်း​ခို​နေ​၏’​ဟု မြွက်​ဆို​ခဲ့​ပါ​သည်။

33 သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည် သင့်​ထံ​သို့ ချက်​ချင်း​လူ​လွှတ်​ခဲ့​ပါ​သည်။ သင်​သည်​လည်း ကြွ​ရောက်​လာ​သော​ကြောင့် ကျေး​ဇူး​တင်​ပါ​သည်။ ယ​ခု အ​ကျွန်ုပ်​တို့​အား​လုံး​သည် သင့်​အား သ​ခင်​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို ကြား​နာ​ရန် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ရှိ​နေ​ကြ​ပါ​သည်”​ဟု ဆို​လေ​၏။

လူ​မျိုး​ခြား​များ​အ​တွက် ကောင်း​မြတ်​သော​သ​တင်း

34 ထို​အ​ခါ ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘု​ရား​သ​ခင်​သည် မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ဘဲ

35 မည်​သည့်​လူ​မျိုး​မ​ဆို ကိုယ်​တော်​ကို​ကြောက်​ရွံ့​လျက် ဖြောင့်​မတ်​စွာ​ပြု​ကျင့်​လျှင် နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း ငါ​အ​မှန်​ပင်​သ​ဘော​ပေါက်​ပြီ။

36 ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​၍ အစ္စ​ရေး​အ​မျိုး​သား​တို့​ထံ​သို့ ပေး​ပို့​တော်​မူ​သော​နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သိ​ကြ​၏။

37 ထို့​ပြင် ယော​ဟန်​သည် ဗတ္တိ​ဇံ​တ​ရား​ကို​ဟော​ပြော​သည့်​နောက်​တွင် ဂါ​လိ​လဲ​နယ်​မှ​အ​စ​ပြု​၍ ယု​ဒ​နယ်​တစ်​လျှောက်​လုံး​၌ ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊

38 ဘု​ရား​သ​ခင်​သည် နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​တန်​ခိုး​တော်​တို့​ဖြင့် မည်​ကဲ့​သို့​ဘိ​သိက်​ပေး​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည် လှည့်​လည်​၍ ကောင်း​သော​အ​မှု​ကို​ပြု​ကာ မာရ်​နတ်​၏​ဖိ​နှိပ်​ခြယ်​လှယ်​မှု​ခံ​ရ​သူ​အ​ပေါင်း​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

39 ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဂျူး​လူ​မျိုး​တို့​၏​တိုင်း​ပြည်​၌ ကိုယ်​တော်​ပြု​ခဲ့​သော​အ​ရာ​အား​လုံး​၏​သက်​သေ​များ​ဖြစ်​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို သစ်​တိုင်​ပေါ်​၌​ဆွဲ​ထား​၍ အ​သေ​သတ်​ခဲ့​ကြ​၏။

40 သို့​သော် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​စေ​၍ ကိုယ်​ထင်​ရှား​ပြ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​၏။

41 သို့​ရာ​တွင် လူ​အား​လုံး​ထံ​၌​မ​ဟုတ်​ဘဲ သက်​သေ​အ​ဖြစ် ဘု​ရား​သ​ခင်​ကြို​တင်​ခန့်​ထား​သော ငါ​တို့​ထံ​၌​သာ ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီး​နောက် ငါ​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​ကြ​၏။

42 ထို့​နောက် ကိုယ်​တော်​က ကိုယ်​တော်​သာ​လျှင်​အ​သက်​ရှင်​သော​သူ​နှင့်​သေ​လွန်​သော​သူ​တို့​ကို​တ​ရား​စီ​ရင်​သူ​အ​ဖြစ် ဘု​ရား​သ​ခင်​ခန့်​အပ်​ထား​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟော​ပြော​ရန်​နှင့် သက်​သေ​ခံ​ရန် ငါ​တို့​အား မိန့်​မှာ​တော်​မူ​၏။

43 ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​အား​လုံး​တို့​သည်​လည်း ‘ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​တိုင်း ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​၏’​ဟု သက်​သေ​ခံ​ကြ​၏”​ဟူ​၍ ပြော​ဆို​လေ​၏။

လူ​မျိုး​ခြား​တို့​ပြောင်း​လဲ​၍ ဗတ္တိ​ဇံ​ခံ​ယူ​ကြ​ခြင်း

44 ဤ​တ​ရား​စ​ကား​တို့​ကို ပေ​တ​ရု​ဟော​ပြော​နေ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​နေ​သူ​အား​လုံး​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​၏။

45 ပေ​တ​ရု​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့် အ​ရေ​ဖျား​လှီး​ထား​သော ယုံ​ကြည်​သူ​ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း​ဟူ​သော​ကောင်း​ချီး​လက်​ဆောင်​ကို လူ​မျိုး​ခြား​တို့​အ​ပေါ်​၌​လည်း သွန်း​လောင်း​တော်​မူ​သည့်​အ​တွက် အ​လွန်​အံ့​ဩ​ကြ​၏။

46 အ​ဘယ်​ကြောင့်​ဆို​သော် ထို​လူ​မျိုး​ခြား​တို့​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​လျက် ဘု​ရား​သ​ခင်​အား​ချီး​မွမ်း​ကြ​သည်​ကို သူ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ ပေ​တ​ရု​က

47 “ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​သော ဤ​သူ​တို့​အား ရေ​၌​ဗတ္တိ​ဇံ​မ​ခံ​စေ​ရန် မည်​သူ​တား​ဆီး​နိုင်​သ​နည်း”​ဟု ဆို​လျက်

48 ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​ရန် သူ​တို့​အား ညွှန်​ကြား​လေ​၏။ ထို့​နောက် သူ​တို့​သည် ပေ​တ​ရု​အား ရက်​အ​နည်း​ငယ်​မျှ ဆက်​၍​နေ​ရန် တောင်း​ပန်​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28