တ​မန်​တော်​ဝတ္ထု 22 MSB

1 “ညီ​အစ်​ကို​တို့​နှင့်​အ​ဖ​တို့၊ ယ​ခု သင်​တို့​ရှေ့​၌ အ​ကျွန်ုပ်​ချေ​ပ​ပြော​ဆို​သော​စ​ကား​ကို နား​ထောင်​ကြ​ပါ”​ဟု ဆို​၏။

2 လူ​တို့​သည် မိ​မိ​တို့​အား ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့်​ပြော​ကြား​သည်​ကို ကြား​ကြ​သော​အ​ခါ ပို​၍​တိတ်​ဆိတ်​သွား​ကြ​၏။ ထို​အ​ခါ ပေါ​လု​က

3 “အ​ကျွန်ုပ်​သည် ဆီ​လီ​ဆီး​ယား​ပြည်၊ တာ​ရှု​မြို့​၌​မွေး​ဖွား​ခဲ့​သော ဂျူး​လူ​မျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့​သော် ဤ​မြို့​တွင် ကြီး​ပြင်း​လာ​၍ ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌ ဘိုး​ဘေး​တို့​မှ​ဆက်​ခံ​သော ပ​ညတ်​တ​ရား​နှင့်​အ​ညီ တင်း​ကျပ်​စွာ ဆုံး​မ​သွန်​သင်​ခြင်း​ကို​ခံ​ယူ​ပြီး ယ​နေ့ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​အ​တွက် စိတ်​အား​ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း စိတ်​အား​ထက်​သန်​ခဲ့​ပါ​သည်။

4 အ​ကျွန်ုပ်​သည် ဤ​လမ်း​စဉ်​ကို​လိုက်​သော​သူ​တို့​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​ခဲ့​၍ ယောက်ျား၊ မိန်း​မ​တို့​ကို ချည်​နှောင်​လျက် ထောင်​ထဲ​သို့​ပို့​ခဲ့​ပါ​သည်။

5 ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် လူ​ကြီး​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​အ​တွက် သက်​သေ​ခံ​ပေး​နိုင်​ပါ​သည်။ အ​ကျွန်ုပ်​သည် သူ​တို့​ထံ​မှ ဒ​မတ်​စ​ကပ်​မြို့​ရှိ​ညီ​အစ်​ကို​များ​ထံ​သို့ ရေး​သား​သည့်​စာ​များ​ကို​ယူ​လျက် ထို​အ​ရပ်​၌​ရှိ​သော သူ​တို့​ကို​လည်း ချည်​နှောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ခေါ်​ဆောင်​လာ​ကာ ပြစ်​ဒဏ်​ပေး​ရန်​အ​တွက် ထို​မြို့​သို့ ထွက်​သွား​ခဲ့​ပါ​သည်။

ပေါ​လု​၏​သက်​သေ​ခံ​ချက်

6 သို့​သော် အ​ကျွန်ုပ်​ခ​ရီး​ဆက်​၍ ဒ​မတ်​စ​ကပ်​မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ မွန်း​တည့်​ချိန်​ခန့်​၌ ကောင်း​ကင်​မှ အ​လွန်​တောက်​ပ​သော​အ​လင်း​သည် အ​ကျွန်ုပ်​ပတ်​လည်​၌ ရုတ်​တ​ရက်​ထွန်း​တောက်​ခဲ့​ပါ​သည်။

7 ထို​အ​ခါ အ​ကျွန်ုပ်​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို ကြား​ရ​ပါ​သည်။

8 အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှင် ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​ပါ​သည်။

9 အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​နေ​သော​သူ​တို့​သည် အ​လင်း​ကို​မြင်​ကြ​သော်​လည်း​အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို မ​ကြား​ရ​ကြ​ပါ။

10 အ​ကျွန်ုပ်​က​လည်း ‘သ​ခင်၊ အ​ကျွန်ုပ်​သည် မည်​သို့​ပြု​ရ​မည်​နည်း’​ဟု လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ထ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​လော့။ ထို​မြို့​၌ သင်​ဆောင်​ရွက်​ရန် စီ​မံ​ထား​သော​အ​ရာ​ရှိ​သ​မျှ​ကို သင့်​အား ပြော​ပြ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

11 အ​ကျွန်ုပ်​သည် ထို​အ​လင်း​၏​ရောင်​ခြည်​အ​ရှိန်​ကြောင့် မျက်​စိ​မ​မြင်​တော့​သ​ဖြင့် အ​တူ​ရှိ​နေ​သော​သူ​တို့​က အ​ကျွန်ုပ်​ကို​လက်​ဆွဲ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့ ခေါ်​ဆောင်​သွား​ကြ​ပါ​သည်။

12 ထို့​နောက် ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဖြစ်​ပြီး ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​သော ဂျူး​လူ​မျိုး​အား​လုံး​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော အာ​န​နိ​အ​မည်​ရှိ​သူ​တစ်​ဦး​သည်

13 အ​ကျွန်ုပ်​ထံ​သို့​လာ​၍ အ​နီး​၌​ရပ်​ကာ ‘ငါ့​ညီ​ရှော​လု၊ မျက်​စိ​မြင်​စေ’​ဟု အ​ကျွန်ုပ်​အား​ဆို​လျှင် ထို​အ​ချိန်​၌​ပင် အ​ကျွန်ုပ်​သည် သူ့​ကို​မြင်​ရ​ပါ​သည်။

14 ထို​အ​ခါ သူ​က ‘ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် မိ​မိ​အ​လို​တော်​ကို သိ​စေ​ရန်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​အ​ရှင်​ကို ဖူး​မြင်​စေ​ရန်​လည်း​ကောင်း၊ ထို​အ​ရှင်​၏​နှုတ်​မှ​အ​သံ​တော်​ကို ကြား​စေ​ရန်​လည်း​ကောင်း သင့်​ကို ကြို​တင်​ခန့်​ထား​တော်​မူ​ပြီ။

15 အ​ကြောင်း​မူ​ကား သင်​သည် မိ​မိ​မြင်​ရ၊ ကြား​ရ​သော​အ​ရာ​တို့​အ​တွက် လူ​အ​ပေါင်း​တို့​ရှေ့​တွင် ကိုယ်​တော်​၏​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

16 ယ​ခု​မှာ အ​ဘယ်​ကြောင့် ဆိုင်း​ငံ့​နေ​သ​နည်း။ ထ​လျက် ကိုယ်​တော်​၏​နာ​မ​တော်​ကို ပတ္ထ​နာ​ပြု​၍ ဗတ္တိ​ဇံ​ခံ​ပြီး သင်​၏​အ​ပြစ်​များ​ကို​ဆေး​ကြော​လော့’​ဟု ဆို​လေ​၏။

17 ထို့​နောက် အ​ကျွန်ုပ်​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​လာ​ပြီး ဗိ​မာန်​တော်​၌​ဆု​တောင်း​နေ​စဉ် အာ​ရုံ​မှုန်​ဝါး​တွေ​ဝေ​၍

18 သ​ခင်​ဘု​ရား​ကို​မြင်​ရ​ပါ​သည်။ ကိုယ်​တော်​က ‘လူ​တို့​သည် ငါ​နှင့်​ပတ်​သက်​သော သင်​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​သော​ကြောင့် မ​ဆိုင်း​ငံ့​ဘဲ ဂျေ​ရု​ဆ​လင်​မြို့​မှ အ​မြန်​ထွက်​သွား​လော့’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်။

19 အ​ကျွန်ုပ်​က​လည်း ‘သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တစ်​ခု​ပြီး​တစ်​ခု​သွား​၍ ကိုယ်​တော့်​ကို​ယုံ​ကြည်​သော​သူ​တို့​အား ရိုက်​နှက်​လျက် ထောင်​ချ​ခဲ့​သည်​ကို သူ​တို့​သိ​ကြ​ပါ​၏။

20 ထို့​ပြင် ကိုယ်​တော်​၏​သက်​သေ​ဖြစ်​သည့် သ​တေ​ဖန်​ကို သွေး​မြေ​ကျ​စေ​သော​အ​ခါ အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း အ​နီး​၌​ရပ်​နေ​၍ အ​လို​တူ​အ​လို​ပါ​ဖြစ်​ကာ သူ့​ကို​သတ်​သော​သူ​တို့​၏​အ​ဝတ်​များ​ကို စောင့်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ပါ​သည်။

21 ထို​အ​ခါ ကိုယ်​တော်​က ‘သွား​လော့။ ငါ​သည် သင့်​ကို လူ​မျိုး​ခြား​တို့​ရှိ​ရာ ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်​မည်’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်”​ဟု ဆို​လေ​၏။

ရော​မ​နိုင်​ငံ​သား​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သော​အ​ကာ​အ​ကွယ်

22 လူ​တို့​သည် သူ့​စ​ကား​ကို ဤ​မျှ​အ​ထိ နား​ထောင်​ကြ​ပြီး​လျှင် မိ​မိ​တို့​အ​သံ​ကို​ကျယ်​စွာ​ပြု​၍ “ဤ​သို့​သော​သူ​ကို မြေ​ပေါ်​မှ သုတ်​သင်​လိုက်​ပါ။ အ​ကြောင်း​မူ​ကား သူ​သည် အ​သက်​မ​ရှင်​သင့်​ပေ”​ဟု ဆို​ကြ​၏။

23 လူ​တို့​သည် ထို​သို့​အော်​ဟစ်​လျက် အ​ဝတ်​များ​ကို​ဝှေ့​ယမ်း​ကာ မြေ​မှုန့်​ကို လေ​ထဲ​သို့​ပစ်​လွှင့်​ကြ​စဉ်

24 တပ်​မှူး​ကြီး​သည် ပေါ​လု​ကို စ​ခန်း​ထဲ​သို့​ခေါ်​သွား​ရန် အ​မိန့်​ပေး​၍ လူ​တို့​သည် အ​ဘယ်​ကြောင့် သူ့​ကို​ဆန့်​ကျင်​လျက် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို သိ​ရှိ​ရန်​အ​တွက် သူ့​ကို​ကြိမ်​ဒဏ်​ပေး​၍ စစ်​ဆေး​ကြ​ရန် ညွှန်​ကြား​လေ​၏။

25 သူ့​ကို ကြိုး​နှင့်​ချည်​နှောင်​ကြ​သော​အ​ခါ ပေါ​လု​က အ​နီး​၌​ရပ်​နေ​သော​တပ်​မှူး​အား “သင်​တို့​၌ ရော​မ​နိုင်​ငံ​သား​တစ်​ဦး​ကို မ​စစ်​ဆေး​ဘဲ ဒဏ်​ခတ်​ရိုက်​နှက်​ပိုင်​ခွင့်​ရှိ​သ​လော”​ဟု မေး​လေ​၏။

26 တပ်​မှူး​သည် ထို​စ​ကား​ကို​ကြား​လျှင် တပ်​မှူး​ကြီး​ထံ​ချဉ်း​ကပ်​လျက် “သင်​မည်​သို့​ပြု​မည်​နည်း။ ဤ​သူ​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​သည်”​ဟု သ​တင်း​ပို့​လေ​၏။

27 ထို​အ​ခါ တပ်​မှူး​ကြီး​သည် ပေါ​လု​ထံ​သို့​လာ​၍ “ငါ့​ကို​ပြော​ပါ​လော့။ သင်​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​သ​လော”​ဟု မေး​လျှင် ပေါ​လု​က “ဟုတ်​ပါ​သည်”​ဟု ဆို​၏။

28 တပ်​မှူး​ကြီး​က​လည်း “ငါ​သည် ငွေ​အ​မြောက်​အ​မြား​ပေး​၍ ဤ​နိုင်​ငံ​သား​အ​ဖြစ်​ကို ရ​ရှိ​သည်”​ဟု ဆို​လျှင် ပေါ​လု​က “အ​ကျွန်ုပ်​သည် ရော​မ​နိုင်​ငံ​သား​အ​ဖြစ် မွေး​ဖွား​လာ​ခဲ့​ပါ​သည်”​ဟု ဆို​၏။

29 ထို့​ကြောင့် သူ့​ကို​စစ်​ဆေး​မည့်​သူ​များ​သည် ချက်​ချင်း သူ့​ထံ​မှ ဆုတ်​ခွာ​သွား​ကြ​၏။ တပ်​မှူး​ကြီး​က​လည်း ပေါ​လု​သည် ရော​မ​နိုင်​ငံ​သား​ဖြစ်​ကြောင်း​သိ​လျှင် သူ့​ကို​ချည်​နှောင်​လိုက်​မိ​သည့်​အ​တွက် ကြောက်​ရွံ့​လေ​၏။

တ​ရား​လွှတ်​တော်​ရှေ့​သို့​ရောက်​သော​ပေါ​လု

30 နောက်​တစ်​နေ့​တွင် တပ်​မှူး​ကြီး​သည် ဂျူး​လူ​မျိုး​တို့​၏​စွပ်​စွဲ​ခြင်း​ကို ပေါ​လု​အ​ဘယ်​ကြောင့်​ခံ​နေ​ရ​သည်​ကို အ​တိ​အ​ကျ​သိ​လို​သ​ဖြင့် ပေါ​လု​ကို အ​ချည်​အ​နှောင်​မှ​ဖြေ​ပေး​ကာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် တ​ရား​လွှတ်​တော်​တစ်​ခု​လုံး​အား စု​ဝေး​ကြ​ရန် အ​မိန့်​ပေး​ပြီး​လျှင် ပေါ​လု​ကို​ခေါ်​ဆောင်​လာ​၍ သူ​တို့​ရှေ့​၌​ရပ်​စေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28