တ​မန်​တော်​ဝတ္ထု 20 MSB

မာ​ကေ​ဒါ​နိ​ပြည်​သို့​ပြန်​ရောက်​လာ​သော​ပေါ​လု

1 ထို​ရုန်း​ရင်း​ဆန်​ခတ်​မှု ရပ်​တန့်​သွား​ပြီး​နောက် ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ တိုက်​တွန်း​နှိုး​ဆော်​ကာ သူ​တို့​အား နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့​ထွက်​ခွာ​သွား​လေ​၏။

2 ထို​ဒေ​သ​များ​ကို​လှည့်​လည်​၍ များ​စွာ​သော​တ​ရား​စ​ကား​တို့​ဖြင့် တ​ပည့်​တော်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပြီး​နောက် ဂ​ရိ​ပြည်​သို့​ရောက်​လာ​၏။

3 ထို​ပြည်​၌ သုံး​လ​နေ​ပြီး​နောက် ဆီး​ရီး​ယား​ပြည်​သို့ ရွက်​လွှင့်​မည်​ပြု​စဉ်​တွင် ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​သ​ဖြင့် မာ​ကေ​ဒေါ​နိ​ပြည်​ကို​ဖြတ်​၍ ပြန်​သွား​ရန် ဆုံး​ဖြတ်​လေ​၏။

4 ပေါ​လု​နှင့်​အ​တူ​လိုက်​ပါ​သော​သူ​တို့​မှာ ဗေ​ရိ​မြို့​သား ပု​ရု​၏​သား​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိတ္တာ​ခု​နှင့်​သေ​ကုန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား ဂါ​ယု၊ တိ​မော​သေ၊ အာ​ရှ​ပြည်​သား တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​ဖြစ်​ကြ​၏။

5 သူ​တို့​သည် ဦး​စွာ​သွား​နှင့်​ပြီး တ​ရော​မြို့​တွင် ငါ​တို့​ကို​စောင့်​နေ​ကြ​၏။

6 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​နေ့​များ​လွန်​သော​အ​ခါ ငါ​တို့​သည် ဖိ​လိပ္ပိ​မြို့​မှ ရွက်​လွှင့်​၍ ငါး​ရက်​အ​တွင်း တ​ရော​မြို့​၌​ရှိ​သော​ထို​သူ​တို့​ထံ​သို့ ရောက်​ပြီး​လျှင် ထို​မြို့​တွင် ခု​နစ်​ရက်​နေ​ကြ​၏။

ဥ​တု​ခု​အ​သက်​ပြန်​ရှင်​ခြင်း

7 ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​တွင် ငါ​တို့​သည် မုန့်​ကို​ဖဲ့​ရန် စု​ဝေး​ကြ​၏။ ပေါ​လု​သည် သူ​တို့​နှင့်​ဆွေး​နွေး​ပြော​ဆို​လျက်​နေ​၏။ သူ​သည် နောက်​တစ်​နေ့​တွင် ထွက်​ခွာ​ရန်​ကြံ​ရွယ်​ထား​သည်​ဖြစ်​၍ သန်း​ခေါင်​အ​ချိန်​တိုင်​အောင် တ​ရား​စ​ကား​ကို ဆက်​၍​ဟော​ပြော​လေ​၏။

8 ငါ​တို့​စု​ဝေး​ရာ​အ​ထက်​ခန်း​တွင် မီး​ခွက်​အ​မြောက်​အ​များ​ထွန်း​ထား​၏။

9 ဥ​တု​ခု​အ​မည်​ရှိ​သော လူ​ငယ်​တစ်​ဦး​သည် ပြ​တင်း​ပေါက်​အ​ပေါ်​၌​ထိုင်​၍ အ​လွန်​အ​မင်း​အိပ်​ငိုက်​နေ​၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ​ဆွေး​နွေး​ပြော​ဆို​သော​အ​ခါ သူ​သည် အိပ်​မော​ကျ​၍ တ​တိ​ယ​ထပ်​မှ အောက်​သို့ ပြုတ်​ကျ​သွား​လေ​၏။ သူ့​ကို​ပွေ့​ချီ​လိုက်​သော​အ​ခါ သေ​ဆုံး​နေ​သည်​ကို တွေ့​ကြ​၏။

10 ထို​အ​ခါ ပေါ​လု​သည် ဆင်း​လာ​၍ သူ့​အ​ပေါ် မိ​မိ​ကိုယ်​ကို​လှဲ​၍ ဖက်​ထား​ပြီး​လျှင် “ရုတ်​ရုတ်​သဲ​သဲ​မ​ဖြစ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ့​အ​သက်​သည် သူ​၌​ရှိ​၏”​ဟု ဆို​လေ​၏။

11 ထို့​နောက် အ​ပေါ်​သို့​ပြန်​တက်​ပြီး​လျှင် မုန့်​ကို​ဖဲ့​၍ စား​သုံး​ကာ မိုး​လင်း​သည်​အ​ထိ ကြာ​မြင့်​စွာ​ပြော​ဆို​ပြီး​မှ ထွက်​ခွာ​သွား​လေ​၏။

12 သူ​တို့​သည် အ​သက်​ရှင်​လျက်​ရှိ​သော​လူ​ငယ်​ကို ခေါ်​ဆောင်​သွား​ကာ အ​လွန်​စိတ်​သက်​သာ​ရာ​ရ​ကြ​၏။

တ​ရော​မြို့​မှ မိ​လက်​မြို့​သို့

13 ငါ​တို့​သည် ပေါ​လု​ကို အဿု​မြို့​၌​သင်္ဘော​ပေါ်​ခေါ်​တင်​ရန် စီ​စဉ်​လျက် သင်္ဘော​ဆီ​သို့ ဦး​စွာ​သွား​ပြီး​လျှင် ထို​မြို့​သို့ ရွက်​လွှင့်​ကြ​၏။ ဤ​သို့​စီ​စဉ်​ခြင်း​မှာ ပေါ​လု​သည် ကုန်း​ကြောင်း​သွား​ရန်​စီ​စဉ်​ထား​၍ ထို​သို့​မှာ​ကြား​ခဲ့​သော​ကြောင့်​ဖြစ်​၏။

14 သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သော​အ​ခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်​တင်​၍ မိ​တု​လင်​မြို့​သို့ သွား​ကြ​၏။

15 ထို​မြို့​မှ တစ်​ဖန်​ရွက်​လွှင့်​ကြ​ပြီး နောက်​တစ်​နေ့​တွင် ခိ​အု​ကျွန်း​၏​တစ်​ဖက်​သို့ ရောက်​ကြ​၏။ ထို​မှ တစ်​နေ့​ကြာ​သော် သာ​မု​ကျွန်း​သို့​ဝင်​၍ နောက်​တစ်​နေ့​တွင် မိ​လက်​မြို့​သို့​ရောက်​ကြ​၏။

16 ဤ​သို့​ခ​ရီး​ပြု​ခြင်း​မှာ ပေါ​လု​သည် အာ​ရှ​ပြည်​တွင် အ​ချိန်​မ​ကုန်​စေ​ရန် ဧ​ဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်​လွှင့်​သွား​မည်​ဟု ဆုံး​ဖြတ်​ထား​သော​ကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်​နိုင်​လျှင် ပင်​တေ​ကုတ္တေ​ပွဲ​နေ့​တွင် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်​၍ ခ​ရီး​ကို​လျင်​မြန်​စွာ​ပြု​နေ​၏။

ဧ​ဖက်​အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို နှုတ်​ဆက်​ခြင်း

17 ထို့​ကြောင့် ပေါ​လု​သည် မိ​လက်​မြို့​မှ ဧ​ဖက်​မြို့​သို့ လူ​လွှတ်​၍ အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ကို​ခေါ်​လေ​၏။

18 သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​က “ငါ​သည် အာ​ရှ​ပြည်​၌ ပ​ထ​မ​ဦး​ဆုံး​ခြေ​ချ​သည့်​နေ့​မှ​စ​၍ သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​သည့်​ကာ​လ​တစ်​လျှောက် မည်​ကဲ့​သို့​အ​သက်​ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။

19 ငါ​သည် အ​လွန်​စိတ်​နှိမ့်​ချ​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဂျူး​လူ​မျိုး​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ကြောင့်​ကျ​ရောက်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကြား​မှ သ​ခင်​ဘု​ရား​ကို အ​စေ​ခံ​ခဲ့​၏။

20 ငါ​သည် သင်​တို့​အ​တွက် အ​ကျိုး​ရှိ​မည့်​အ​ရာ​ရှိ​သ​မျှ​ကို တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်​ပြ​လျက် လူ​အ​များ​ရှေ့​၌​ဖြစ်​စေ၊ တစ်​အိမ်​ပြီး​တစ်​အိမ်​ဖြစ်​စေ သွန်​သင်​ကာ

21 ဘု​ရား​သ​ခင်​ရှေ့​တော်​၌​နောင်​တ​ရ​ခြင်း​အ​ကြောင်း​နှင့် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း​အ​ကြောင်း​တို့​ကို ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး နှစ်​မျိုး​စ​လုံး​တို့​အား သက်​သေ​ခံ​ခဲ့​၏။

22 ယ​ခု ငါ​သည် ဝိ​ညာဉ်​တော်​၏​နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်​သည့်​အ​ရာ​နှင့်​ငါ​ကြုံ​တွေ့​ရ​မည်​ကို ငါ​မ​သိ။

23 သို့​သော် အ​ချုပ်​အ​နှောင်​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်​သေ​ခံ​တော်​မူ​သည်​ကို ငါ​သိ​၏။

24 သို့​ရာ​တွင် ငါ​သည် မိ​မိ​ပြေး​ရ​မည့်​တာ​ကို အ​ဆုံး​တိုင်​အောင်​ပြေး​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​သက်​သေ​ခံ​ရန် သ​ခင်​ယေ​ရှု​ထံ​မှ ငါ​ရ​ရှိ​သော​အ​မှု​တော်​လုပ်​ငန်း​ကို ပြီး​မြောက်​စေ​နိုင်​ရန်​အ​တွက်​ဆို​လျှင် ငါ့​အ​သက်​ကို​ပင် ငါ​ပ​ဓာ​န​မ​ထား​ပေ။

25 ယ​ခု​မူ​ကား နိုင်​ငံ​တော်​အ​ကြောင်း​ကို သင်​တို့​အား​လုံး​အ​လယ်​၌ လှည့်​လည်​ဟော​ပြော​ခဲ့​သော​ငါ​၏​မျက်​နှာ​ကို သင်​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

26 သို့​ဖြစ်​၍ ငါ​သည် အား​လုံး​၏​သွေး​နှင့်​ကင်း​ရှင်း​ကြောင်း ယ​နေ့​ပင် သင်​တို့​အား ငါ​သက်​သေ​ခံ​၏။

27 အ​ကြောင်း​မူ​ကား ငါ​သည် တွန့်​ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင်​ဖော်​ပြ​ခဲ့​ပြီ။

28 သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိုး​စု​အား​လုံး​ကို​လည်း​ကောင်း ဂ​ရု​စိုက်​ကြ​လော့။ ကိုယ်​တော်​၏​သွေး​တော်​နှင့်​ဝယ်​ယူ​ထား​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို သင်​တို့​အုပ်​ထိန်း​စေ​ရန် ထို​သိုး​စု​ကို​ကြီး​ကြပ်​သူ​အ​ဖြစ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို​ခန့်​အပ်​ထား​တော်​မူ​၏။

29 ငါ​ထွက်​ခွာ​သွား​သည့်​နောက် ကြမ်း​ကြုတ်​သော​ဝံ​ပု​လွေ​များ​သည် သင်​တို့​အ​ထဲ​သို့​ဝင်​လာ​၍ သိုး​စု​ကို ညှာ​တာ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။

30 သင်​တို့​အ​ထဲ​မှ​လည်း တ​ပည့်​တော်​များ​ကို မိ​မိ​တို့​ဘက်​သို့​ဆွဲ​ခေါ်​ရန် ဖောက်​ပြန်​လမ်း​လွဲ​သော​အ​ရာ​များ​ကို ပြော​ဆို​သော​သူ​အ​ချို့​တို့ ပေါ်​လာ​ကြ​လိမ့်​မည်။

31 ထို့​ကြောင့် ငါ​သည် သင်​တို့​တစ်​ဦး​စီ​ကို သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ် မျက်​ရည်​ဖြင့် သ​တိ​ပေး​ဆုံး​မ​ခဲ့​သည်​ကို အောက်​မေ့​လျက် သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။

32 ယ​ခု သင်​တို့​ကို ဘု​ရား​သ​ခင်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တော်​၌​လည်း​ကောင်း ငါ​အပ်​နှံ​၏။ နှုတ်​က​ပတ်​တော်​သည် သင်​တို့​ကို တည်​ဆောက်​မြှင့်​တင်​လျက် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ အ​မွေ​တော်​ကို​ရ​ရှိ​စေ​နိုင်​စွမ်း​ရှိ​၏။

33 ငါ​သည် မည်​သူ​၏​ရွှေ၊ ငွေ၊ အ​ဝတ်​တန်​ဆာ​ကို​မျှ တပ်​မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။

34 ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှ​စ​၍ ငါ​နှင့်​အ​တူ​ရှိ​သော​သူ​တို့​၏​လို​အပ်​ချက်​များ​အ​တွက် လုပ်​ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။

35 ထို​သို့​ကြိုး​စား​လုပ်​ဆောင်​၍ အား​နည်း​သော​သူ​တို့​ကို ကူ​ညီ​မ​စ​သင့်​ကြောင်း​နှင့် ‘ပေး​ကမ်း​ခြင်း​သည် ရ​ယူ​ခြင်း​ထက် သာ​၍​မင်္ဂ​လာ​ရှိ​သည်’​ဟု သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည့်​စ​ကား​ကို သ​တိ​ရ​သင့်​ကြောင်း အ​ရာ​ရာ​၌ သင်​တို့​အား ငါ​ပြ​သ​၏”​ဟု ဆို​လေ​၏။

36 ပေါ​လု​သည် ဤ​သို့​ဆို​ပြီး​နောက် ဒူး​ထောက်​လျက် ထို​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ဆု​တောင်း​လေ​၏။

37 သူ​တို့​အား​လုံး​သည် အ​လွန်​ငို​ကြွေး​လျက် ပေါ​လု​ကို​ဖက်​၍ နမ်း​ကြ​၏။

38 အ​ထူး​သ​ဖြင့် သူ​၏​မျက်​နှာ​ကို မြင်​တွေ့​ရ​တော့​မည်​မ​ဟုတ်​ဟု ပေါ​လု​ပြော​သည့်​စ​ကား​ကြောင့် သူ​တို့​သည် ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ထို့​နောက် သူ့​ကို သင်္ဘော​ဆီ​သို့ လိုက်​ပို့​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28