တ​မန်​တော်​ဝတ္ထု 12 MSB

မာ​တု​ရ​ဖြစ်​သော​ယာ​ကုပ်​နှင့် အ​ကျဉ်း​ချ​ခံ​ရ​သော​ပေ​တ​ရု

1 ထို​ကာ​လ​၌ ဟေ​ရုဒ်​မင်း​သည် အ​သင်း​တော်​မှ လူ​အ​ချို့​တို့​ကို မ​တ​ရား​နှိပ်​စက်​ရန် ဖမ်း​ဆီး​၍

2 ယော​ဟန်​၏​အစ်​ကို​ယာ​ကုပ်​ကို ဓား​ဖြင့်​ကွပ်​မျက်​လေ​၏။

3 ထို​အ​မှု​ကို ဂျူး​လူ​မျိုး​တို့ နှစ်​သက်​ကြ​ကြောင်း​တွေ့​မြင်​လျှင် တစ်​ဖန် ထပ်​၍ ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​ရန် စီ​စဉ်​လေ​၏။ ထို​အ​ချိန်​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ချိန်​ဖြစ်​၏။

4 ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ဖမ်း​ဆီး​၍​ထောင်​ထဲ​၌​ထည့်​ထား​ပြီး​လျှင် သူ့​ကို​စောင့်​ကြပ်​ရန် စစ်​သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်​ဖွဲ့​လေး​ဖွဲ့​ထံ​သို့ အပ်​နှံ​ထား​၏။ သူ​သည် ပ​သ​ခါ​ပွဲ​တော်​လွန်​လျှင် ပေ​တ​ရု​ကို လူ​ထု​ရှေ့​တွင်​ထုတ်​ဆောင်​ရန် ကြံ​ရွယ်​ထား​လေ​၏။

5 ဤ​သို့​ဖြင့် ပေ​တ​ရု​သည် ထောင်​ထဲ​၌ ထိန်း​သိမ်း​ထား​ခြင်း​ခံ​ရ​၏။ သို့​ရာ​တွင် အ​သင်း​တော်​သည် သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​သို့ စိတ်​အား​ထက်​သန်​စွာ​ဆု​တောင်း​လျက်​နေ​၏။

ကယ်​နုတ်​ခြင်း​ခံ​ရ​သော​ပေ​တ​ရု

6 ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ထုတ်​ဆောင်​ရန် ကြံ​ရွယ်​ထား​သည့်​နေ့​မ​တိုင်​မီ​ည​၌ ပေ​တ​ရု​သည် သံ​ကြိုး​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ခြင်း​ခံ​ရ​လျက် စစ်​သား​နှစ်​ဦး​ကြား​တွင် အိပ်​ပျော်​နေ​၏။ အ​စောင့်​များ​သည်​လည်း တံ​ခါး​ရှေ့​တွင် ထောင်​ကို​စောင့်​ကြပ်​နေ​ကြ​၏။

7 ထို​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရုတ်​တ​ရက်​ပေါ်​လာ​သ​ဖြင့် ထောင်​ခန်း​ထဲ​၌ အ​လင်း​ရောင်​ထွန်း​လင်း​လေ​၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​၏​နံ​ဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်​မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထို​အ​ခါ သံ​ကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်​ကျ​သွား​လေ​၏။

8 ထို့​နောက် ကောင်း​ကင်​တ​မန်​က “ခါး​ပန်း​စည်း​၍ သင့်​ဖိ​နပ်​ကို​စီး​လော့”​ဟု ဆို​သ​ဖြင့် သူ​သည် ထို​အ​တိုင်း​ပြု​လေ​၏။ တစ်​ဖန် “သင်​၏​ဝတ်​ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ

9 ပေ​တ​ရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့​သော် ကောင်း​ကင်​တ​မန်​အား​ဖြင့် ဖြစ်​ပျက်​နေ​သော​အ​ရာ​သည် အ​မှန်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူ​ပါ​ရုံ​ကို​မြင်​နေ​ရ​သည်​ဟူ​၍​သာ သူ​ထင်​မှတ်​နေ​၏။

10 သူ​တို့​သည် အ​စောင့်​ချ​ရာ​ပ​ထ​မ​နေ​ရာ​နှင့်​ဒု​တိ​ယ​နေ​ရာ​တို့​ကို ဖြတ်​သွား​ပြီး​လျှင် မြို့​သို့​သွား​သည့်​သံ​တံ​ခါး​သို့ ရောက်​လာ​ကြ​၏။ ထို​တံ​ခါး​သည်​လည်း သူ​တို့​အ​တွက် အ​လို​အ​လျောက်​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်​၍ လမ်း​ကြား​တစ်​ခု​အ​တိုင်း ဆက်​သွား​ကြ​စဉ် ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု​ထံ​မှ ချက်​ချင်း​ထွက်​ခွာ​သွား​လေ​၏။

11 ထို​အ​ခါ ပေ​တ​ရု​သည် သ​တိ​ပြန်​ဝင်​လာ​၍ “သ​ခင်​ဘု​ရား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​ပြီး ဟေ​ရုဒ်​မင်း​၏​လက်​မှ​လည်း​ကောင်း၊ ဂျူး​လူ​မျိုး​တို့​မျှော်​မှန်း​ထား​သော​အ​ရာ​အား​လုံး​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ယ​ခု ငါ​အ​မှန်​သိ​ပြီ”​ဟု ဆို​၏။

12 သူ​သည် ဤ​သို့​သိ​ရှိ​ပြီး​နောက် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​၏​မိ​ခင်​မာ​ရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များ​စွာ​စု​ဝေး​လျက် ဆု​တောင်း​နေ​ကြ​၏။

13 ပေ​တ​ရု​သည် အိမ်​အ​ဝင်​တံ​ခါး​ကို​ခေါက်​ရာ ရော​ဒေ​အ​မည်​ရှိ အ​စေ​ခံ​မိန်း​မ​သည် မေး​မြန်း​ရန်​လာ​၍

14 ပေ​တ​ရု​၏​အ​သံ​ကို​မှတ်​မိ​သော​အ​ခါ ဝမ်း​မြောက်​သော​ကြောင့် တံ​ခါး​ကို​မ​ဖွင့်​ဘဲ အ​ထဲ​သို့​ပြေး​ဝင်​ကာ တံ​ခါး​ဝ​၌ ပေ​တ​ရု​ရပ်​နေ​သည်​ဟု ပြော​ကြား​လေ​၏။

15 လူ​တို့​က​လည်း “သင်​သည် ရူး​သွပ်​နေ​ပြီ”​ဟု သူ့​အား ဆို​ကြ​၏။ သို့​သော် သူ​သည် မိ​မိ​ပြော​သည့်​အ​တိုင်း အ​မှန်​ဖြစ်​ကြောင်း အ​ခိုင်​အ​မာ​ပြော​ဆို​သော​အ​ခါ သူ​တို့​က “ပေ​တ​ရု​၏​ကောင်း​ကင်​တ​မန်​ဖြစ်​လိမ့်​မည်”​ဟု ဆို​ကြ​၏။

16 သို့​ရာ​တွင် ပေ​တ​ရု​သည် တံ​ခါး​ကို ဆက်​၍​ခေါက်​နေ​သ​ဖြင့် သူ​တို့​သည် တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​၍ အံ့​ဩ​ငေး​မော​ကြ​၏။

17 ပေ​တ​ရု​သည် တိတ်​ဆိတ်​ကြ​ရန် သူ​တို့​ကို လက်​ရိပ်​ပြ​လျက် သ​ခင်​ဘု​ရား​သည် မိ​မိ​အား ထောင်​ထဲ​မှ မည်​ကဲ့​သို့ ထုတ်​ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြော​ပြ​၏။ ထို့​နောက် “ဤ​အ​ကြောင်း​အ​ရာ​များ​ကို ယာ​ကုပ်​နှင့်​ညီ​အစ်​ကို​တို့​အား ပြော​ပြ​ကြ​လော့”​ဟု ဆို​ပြီး​လျှင် အ​ခြား​အ​ရပ်​သို့ ထွက်​ခွာ​သွား​လေ​၏။

18 မိုး​လင်း​သော​အ​ခါ ပေ​တ​ရု​မည်​သို့​ဖြစ်​သွား​သ​နည်း​ဟု စစ်​သား​များ​အ​ကြား​တွင် အ​ကြီး​အ​ကျယ်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လေ​၏။

19 ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို ကြိုး​စား​ရှာ​ဖွေ​သော်​လည်း မ​တွေ့​သ​ဖြင့် အ​စောင့်​တို့​ကို​စစ်​ဆေး​၍ သေ​ဒဏ်​ပေး​ရန် အ​မိန့်​ချ​လေ​၏။ ထို့​နောက် ယု​ဒ​ပြည်​မှ ဆီ​ဇာ​ရီး​ယား​မြို့​သို့ ဆင်း​သွား​၍ ထို​မြို့​၌​နေ​လေ​၏။

ဟေ​ရုဒ်​မင်း​အ​နိစ္စ​ရောက်​ခြင်း

20 ဟေ​ရုဒ်​မင်း​သည် တိုင်​ရာ​မြို့​သား​နှင့်​ဆီ​ဒုန်​မြို့​သား​တို့​အ​ပေါ် ပြင်း​စွာ​ဒေါ​သ​ထွက်​သ​ဖြင့် သူ​တို့​သည် မင်း​ကြီး​ထံ​သို့ တစ်​စု​တစ်​ဝေး​တည်း​လာ​ကြ​၍ မင်း​ကြီး​၏​အ​တွင်း​ဝန်​ဗ​လတ္တု​ကို​စည်း​ရုံး​ကာ ငြိမ်း​ချမ်း​မှု​ရ​ရှိ​ရန်​အ​တွက် တောင်း​ပန်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​ပြည်​သည် မင်း​ကြီး​၏​ပြည်​မှ အ​စား​အ​စာ​ကို​ရ​ရှိ​သော​ကြောင့်​ဖြစ်​၏။

21 ဟေ​ရုဒ်​မင်း​သည် ချိန်း​ဆို​ထား​သော​နေ့​၌ မင်း​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​လျက် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​ကာ ထို​သူ​တို့​အား မိန့်​ခွန်း​မြွက်​ကြား​လေ​၏။

22 လူ​စု​လူ​ဝေး​က​လည်း “ဤ​အ​သံ​သည် လူ​၏​အ​သံ​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏”​ဟု ကြွေး​ကြော်​ကြ​၏။

23 မင်း​ကြီး​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​မ​ချီး​မွမ်း​သော​ကြောင့် ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို ဒဏ်​ခတ်​သ​ဖြင့် သူ​သည် ပိုး​စား​ခံ​ရ​၍ အ​နိစ္စ​ရောက်​လေ​၏။

24 ထို​အ​ခါ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​သည်​ပျံ့​နှံ့​လျက် တိုး​ပွား​လေ​၏။

25 ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် ထောက်​ပံ့​ခြင်း​အ​မှု​ကို ပြီး​စီး​အောင်​ဆောင်​ရွက်​ပြီး​နောက် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​ကို မိ​မိ​တို့​နှင့်​အ​တူ​ခေါ်​ဆောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​မှ ပြန်​လာ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28