တ​မန်​တော်​ဝတ္ထု 28 MSB

မေ​လိ​တေ​ကျွန်း​သား​တို့​၏​ဧည့်​ဝတ်​ကျေ​ပွန်​မှု

1 ငါ​တို့​သည် ဘေး​ကင်း​စွာ​ရောက်​ရှိ​ကြ​သော​အ​ခါ ထို​ကျွန်း​ကို မေ​လိ​တေ​ကျွန်း​ဟု​ခေါ်​ကြောင်း သိ​ရ​ကြ​၏။

2 ကျွန်း​သား​တို့​သည် ငါ​တို့​အား ထူး​ခြား​သော​ချစ်​ခင်​ကြင်​နာ​မှု​ကို​ပြ​သ​ကြ​၏။ မိုး​ရွာ​၍​ချမ်း​အေး​သော​ကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အား​လုံး​ကို လက်​ခံ​ကြို​ဆို​ကြ​၏။

3 ပေါ​လု​သည် ထင်း​များ​ကို​စု​စည်း​လျက် မီး​ထဲ​သို့​ထည့်​လိုက်​ရာ မြွေ​ဆိုး​တစ်​ကောင်​သည် မီး​အ​ပူ​ရှိန်​ကြောင့် ထွက်​လာ​၍ ပေါ​လု​လက်​၌ တွယ်​ကပ်​လေ​၏။

4 ကျွန်း​သား​တို့​သည် သူ​၏​လက်​မှ​တွဲ​လဲ​ကျ​နေ​သော သတ္တ​ဝါ​ကို​မြင်​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် လူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်​လယ်​ဘေး​မှ​လွတ်​ခဲ့​သော်​လည်း မျှ​တ​မှု​နတ်​ဘု​ရား​မ​က သူ့​ကို အ​သက်​ရှင်​ခွင့်​မ​ပေး”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

5 သို့​သော် ပေါ​လု​သည် ထို​သတ္တ​ဝါ​ကို မီး​ထဲ​သို့​ခါ​ချ​လျက် မည်​သည့်​ဘေး​ဥ​ပဒ်​မျှ မ​ခံ​စား​ရ​ချေ။

6 ကျွန်း​သား​တို့​က သူ​သည် ယောင်​လာ​တော့​မည် သို့​မ​ဟုတ် ရုတ်​တ​ရက်​လဲ​ကျ​၍ သေ​ဆုံး​လိမ့်​မည်​ဟု​ဆို​လျက် စောင့်​ကြည့်​နေ​ကြ​၏။ သို့​သော် ကြာ​မြင့်​စွာ​စောင့်​ကြည့်​နေ​သော်​လည်း မ​ကောင်း​သည့်​လက္ခ​ဏာ​တစ်​စုံ​တစ်​ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သော​အ​ခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။

ကျွန်း​သူ​ကြီး​၏​ဖ​ခင်​နှင့်​အ​ခြား​သူ​များ​ကို​ကျမ်း​မာ​စေ​ခြင်း

7 ထို​နေ​ရာ​အ​နီး​တွင် ပု​ဗ​လိ​ဟု​အ​မည်​ရှိ​သော​ကျွန်း​သူ​ကြီး​၏​မြေ​ကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်​ခံ​၍ သုံး​ရက်​တိုင်​တိုင် ကောင်း​စွာ​ဧည့်​ခံ​လေ​၏။

8 ပု​ဗ​လိ​၏​ဖ​ခင်​သည် အ​ဖျား​အ​နာ​နှင့်​ဝမ်း​ကိုက်​ရော​ဂါ​ခံ​စား​ရ​လျက် အိပ်​ရာ​၌​လဲ​လျောင်း​နေ​၏။ ပေါ​လု​သည် သူ့​ထံ​သို့​ဝင်​ပြီး ဆု​တောင်း​ပေး​ကာ သူ့​အ​ပေါ်​လက်​တင်​၍ သူ့​ကို​ကျန်း​မာ​စေ​၏။

9 ဤ​အ​ရာ​ဖြစ်​ပြီး​နောက် ကျွန်း​ပေါ်​ရှိ​နာ​မ​ကျန်း​ဖြစ်​သော​အ​ခြား​သူ​များ​လည်း ပေါ​လု​ထံ​လာ​ကြ​၍ ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ကြ​၏။

10 ထို​သူ​တို့​သည် များ​စွာ​သော​လက်​ဆောင်​ဖြင့် ငါ​တို့​ကို ဂုဏ်​ပြု​လျက် ငါ​တို့​ရွက်​လွှင့်​သော​အ​ခါ​၌​လည်း လို​အပ်​သည့်​အ​ရာ​များ​ကို တင်​ပေး​လိုက်​ကြ​၏။

ရော​မ​သို့​ရောက်​ရှိ​ခြင်း

11 သုံး​လ​ကြာ​ပြီး​နောက် ထို​ကျွန်း​ပေါ်​တွင် ဆောင်း​ခို​နေ​သည့် နတ်​အ​မြွာ​ညီ​နောင်​ရုပ်​ပါ​အ​လက်​ဇန္ဒြိ​ယ​သင်္ဘော​ဖြင့် ငါ​တို့​သည် ရွက်​လွှင့်​ကြ​၏။

12 ထို့​နောက် သ​ရ​ကုတ်​မြို့​၌​ဆိုက်​ကပ်​လျက် သုံး​ရက်​နေ​ပြီး​မှ

13 တစ်​ဖန် ရွက်​လွှင့်​ပြန်​ရာ ရေ​ဂျုန်​မြို့​သို့​ရောက်​ကြ​၏။ နောက်​တစ်​နေ့​တွင် တောင်​လေ​တိုက်​လာ​သ​ဖြင့် ဒု​တိ​ယ​နေ့​၌ ပေါ​တ​ယော​လိ​မြို့​သို့​ရောက်​ကြ​၏။

14 ထို​မြို့​တွင် ညီ​အစ်​ကို​တို့​ကို​တွေ့​ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခု​နစ်​ရက်​ခန့်​နေ​ထိုင်​ရန် ဖိတ်​ခေါ်​ကြ​၏။ ဤ​သို့​ဖြင့် ငါ​တို့​သည် ရော​မ​မြို့​သို့​ရောက်​လာ​ကြ​၏။

15 ငါ​တို့​အ​ကြောင်း​ကို​ကြား​သော ညီ​အစ်​ကို​တို့​သည် ငါ​တို့​နှင့်​တွေ့​ဆုံ​ရန် ရော​မ​မြို့​မှ အပ္ပိ​အ​ရပ်​နှင့် ဧည့်​ရိပ်​သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အ​ရပ်​တိုင်​အောင် လာ​ကြ​၏။ ပေါ​လု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​လျက် အား​တက်​လာ​လေ​၏။

16 ရော​မ​မြို့​သို့​ဝင်​ကြ​သော​အ​ခါ ပေါ​လု​သည် သူ့​ကို​စောင့်​ကြပ်​သည့် စစ်​သား​နှင့်​အ​တူ သီး​သန့်​နေ​ခွင့်​ကို​ရ​လေ​၏။

ရော​မ​မြို့​ရှိ​ဂျူး​လူ​မျိုး​ခေါင်း​ဆောင်​တို့​နှင့် တွေ့​ဆုံ​ဆွေး​နွေး​ခြင်း

17 သုံး​ရက်​လွန်​သော​အ​ခါ ပေါ​လု​သည် ဂျူး​လူ​မျိုး​တို့​၏​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ်​၍ စု​ဝေး​စေ​၏။ သူ​တို့​စု​ဝေး​လာ​ကြ​သော​အ​ခါ ပေါ​လု​က “ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် မိ​မိ​လူ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​စံ​များ​ကို​လည်း​ကောင်း ဆန့်​ကျင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ခဲ့​သော်​လည်း ဂျေ​ရု​ဆ​လင်​မြို့​တွင် အ​ကျဉ်း​သား​အ​ဖြစ် ရော​မ​လူ​မျိုး​တို့​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။

18 ရော​မ​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​ကို​စစ်​ဆေး​ကြ​ရာ အ​ကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်​မှု​မ​တွေ့​သော​ကြောင့် အ​ကျွန်ုပ်​ကို​ပြန်​လွှတ်​လို​ကြ​သည်။

19 သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က ကန့်​ကွက်​ကြ​သ​ဖြင့် အ​ကျွန်ုပ်​သည် မ​လွဲ​သာ​၍ ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​ရ​သည်။ အ​ကျွန်ုပ်​၏​လူ​မျိုး​ကို​စွပ်​စွဲ​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရှိ​၍​မ​ဟုတ်​ပါ။

20 ဤ​အ​ကြောင်း​ကြောင့် အ​ကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့​ဆုံ​၍ စ​ကား​ပြော​ရန် သင်​တို့​ကို​ဖိတ်​ခေါ်​ခြင်း​ဖြစ်​သည်။ အ​မှန်​စင်​စစ် အ​ကျွန်ုပ်​သည် အစ္စ​ရေး​လူ​မျိုး​၏​မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့် ဤ​သံ​ကြိုး​ဖြင့် ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်”​ဟု ဆို​လေ​၏။

21 ထို​အ​ခါ သူ​တို့​က “ငါ​တို့​သည် ယု​ဒ​ပြည်​မှ သင့်​အ​ကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရ​ရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်​လာ​သော ညီ​အစ်​ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်​သက်​သည့် မ​ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို သ​တင်း​ပို့​သော​သူ သို့​မ​ဟုတ် ပြော​ဆို​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

22 သို့​သော် ဤ​ဂိုဏ်း​နှင့်​ပတ်​သက်​၍ အ​ရပ်​ရပ်​တို့​၌ ဆန့်​ကျင်​ပြော​ဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်​၍ သင်​မည်​သို့​စိတ်​သ​ဘော​ရှိ​သည်​ကို သင့်​ထံ​မှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။

ပေါ​လု​၏​သ​တင်း​စ​ကား​အ​ပေါ်​တုံ့​ပြန်​မှု

23 ထို့​နောက် သူ​တို့​သည် ပေါ​လု​နှင့် ရက်​ကို​ချိန်း​ချက်​ပြီး​မှ ပို​၍​များ​စွာ​သော​သူ​တို့​နှင့်​တ​ကွ သူ​တည်း​ခို​ရာ​အ​ရပ်​သို့ ရောက်​လာ​ကြ​၏။ ပေါ​လု​သည် နံ​နက်​စော​စော​အ​ချိန်​မှ​စ​၍ ည​နေ​အ​ချိန်​တိုင်​အောင် ထို​သူ​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ရှင်း​ပြ​လျက် သက်​သေ​ခံ​ကာ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​ကို​ကိုး​ကား​၍ ယေ​ရှု​အ​ကြောင်း​ကို သူ​တို့​အား​ပြော​ပြ​စည်း​ရုံး​လေ​၏။

24 အ​ချို့​တို့​သည် သူ​ဟော​ပြော​သော​အ​ရာ​များ​ကို လက်​ခံ​ကြ​သော်​လည်း အ​ချို့​တို့​သည် မ​ယုံ​ကြည်​ကြ​ချေ။

25 ထို​အ​ခါ အ​ချင်း​ချင်း​ကြား​၌ သ​ဘော​ထား​ကွဲ​လွဲ​သ​ဖြင့် ပြန်​သွား​ကြ​စဉ်​တွင် ပေါ​လု​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား လျောက်​ပတ်​စွာ​ဟော​ပြော​ခဲ့​သည်​ကား

26 ‘သင်​တို့​သည် ကြား​သော​အ​ခါ လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​သော​အ​ခါ​လည်း လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ဤ​လူ​မျိုး​ထံ​သို့​သွား​၍ ပြော​ကြား​လော့။

27 အ​ကြောင်း​မူ​ကား ဤ​လူ​တို့​၏​စိတ်​နှ​လုံး​သည် ထုံ​ထိုင်း​လျက် နား​သည်​လည်း​လေး​လျက် မျက်​စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ နား​ဖြင့်​ကြား​လျက် စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် ငါ​သည် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည်’​ဟု မိန့်​တော်​မူ​၏။

28 ထို့​ကြောင့် ဘု​ရား​သ​ခင်​၏ ဤ​ကယ်​တင်​ခြင်း​တ​ရား​သည် လူ​မျိုး​ခြား​တို့​ထံ စေ​လွှတ်​ခြင်း​ခံ​ရ​၍ သူ​တို့​သည် နား​ထောင်​ကြ​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့”​ဟူ​သော​စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။

29 [ဤ​စ​ကား​ကို ပေါ​လု​ပြော​လိုက်​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ပြန်​သွား​ကြ​၏။]

ပေါ​လု​၏​အ​တား​အ​ဆီး​မ​ရှိ​သော​သာ​သ​နာ​လုပ်​ငန်း

30 ထို့​နောက် ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​ရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိ​မိ​ထံ​သို့​လာ​သော​သူ​အ​ပေါင်း​တို့​ကို ကြို​ဆို​လျက်

31 မည်​သည့်​အ​တား​အ​ဆီး​မျှ​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ရဲ​ရင့်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့် ဟော​ပြော​ကာ သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​အ​ကြောင်း​များ​ကို သွန်​သင်​လေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28