တ​မန်​တော်​ဝတ္ထု 10:36-42 MSB

36 ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​၍ အစ္စ​ရေး​အ​မျိုး​သား​တို့​ထံ​သို့ ပေး​ပို့​တော်​မူ​သော​နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သိ​ကြ​၏။

37 ထို့​ပြင် ယော​ဟန်​သည် ဗတ္တိ​ဇံ​တ​ရား​ကို​ဟော​ပြော​သည့်​နောက်​တွင် ဂါ​လိ​လဲ​နယ်​မှ​အ​စ​ပြု​၍ ယု​ဒ​နယ်​တစ်​လျှောက်​လုံး​၌ ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊

38 ဘု​ရား​သ​ခင်​သည် နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​တန်​ခိုး​တော်​တို့​ဖြင့် မည်​ကဲ့​သို့​ဘိ​သိက်​ပေး​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​သည် လှည့်​လည်​၍ ကောင်း​သော​အ​မှု​ကို​ပြု​ကာ မာရ်​နတ်​၏​ဖိ​နှိပ်​ခြယ်​လှယ်​မှု​ခံ​ရ​သူ​အ​ပေါင်း​တို့​ကို ကျန်း​မာ​စေ​တော်​မူ​၏။

39 ငါ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဂျူး​လူ​မျိုး​တို့​၏​တိုင်း​ပြည်​၌ ကိုယ်​တော်​ပြု​ခဲ့​သော​အ​ရာ​အား​လုံး​၏​သက်​သေ​များ​ဖြစ်​ကြ​၏။ လူ​တို့​သည် ကိုယ်​တော်​ကို သစ်​တိုင်​ပေါ်​၌​ဆွဲ​ထား​၍ အ​သေ​သတ်​ခဲ့​ကြ​၏။

40 သို့​သော် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​စေ​၍ ကိုယ်​ထင်​ရှား​ပြ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​၏။

41 သို့​ရာ​တွင် လူ​အား​လုံး​ထံ​၌​မ​ဟုတ်​ဘဲ သက်​သေ​အ​ဖြစ် ဘု​ရား​သ​ခင်​ကြို​တင်​ခန့်​ထား​သော ငါ​တို့​ထံ​၌​သာ ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ကိုယ်​တော်​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​ပြီး​နောက် ငါ​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​ကြ​၏။

42 ထို့​နောက် ကိုယ်​တော်​က ကိုယ်​တော်​သာ​လျှင်​အ​သက်​ရှင်​သော​သူ​နှင့်​သေ​လွန်​သော​သူ​တို့​ကို​တ​ရား​စီ​ရင်​သူ​အ​ဖြစ် ဘု​ရား​သ​ခင်​ခန့်​အပ်​ထား​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟော​ပြော​ရန်​နှင့် သက်​သေ​ခံ​ရန် ငါ​တို့​အား မိန့်​မှာ​တော်​မူ​၏။