တ​မန်​တော်​ဝတ္ထု 16:11-17 MSB

11 ငါ​တို့​သည် တ​ရော​မြို့​မှ​ရွက်​လွှင့်​၍ သာ​မော​သ​ရက်​ကျွန်း​သို့ တိုက်​ရိုက်​သွား​ပြီး​လျှင် နောက်​တစ်​နေ့​၌ နေ​အာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။

12 ထို​မြို့​မှ​တစ်​ဆင့် ဖိ​လိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​၏​ထို​အ​ပိုင်း​တွင် အ​ဓိ​က​မြို့​ဖြစ်​ပြီး ရော​မ​လက်​အောက်​ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အ​တန်​ကြာ​နေ​ကြ​၏။

13 ဥ​ပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​၍ ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်း​နား​သို့​သွား​လျက် ထို​နေ​ရာ​၌​ထိုင်​ပြီး​လျှင် စု​ဝေး​လာ​ကြ​သော​အ​မျိုး​သ​မီး​တို့​အား ဟော​ပြော​ကြ​၏။

14 သွာ​တိ​ရ​မြို့​မှ ခ​ရမ်း​ရောင်​အ​ထည်​ကုန်​သည်​ဖြစ်​ပြီး ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော လု​ဒိ​အ​မည်​ရှိ အ​မျိုး​သ​မီး​တစ်​ဦး​သည်​လည်း နား​ထောင်​နေ​၏။ ပေါ​လု​ဟော​ပြော​နေ​သော​အ​ရာ​တို့​ကို အာ​ရုံ​စိုက်​စေ​ရန် သ​ခင်​ဘု​ရား​သည် သူ​၏​စိတ်​နှ​လုံး​ကို ဖွင့်​ပေး​တော်​မူ​၏။

15 သူ​သည် မိ​မိ​အိမ်​သူ​အိမ်​သား​များ​နှင့်​အ​တူ ဗတ္တိ​ဇံ​ခံ​ပြီး​သော​အ​ခါ “ကျွန်​မ​သည် သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူ​ဆ​လျှင် ကျွန်​မ​အိမ်​သို့ လာ​ရောက်​တည်း​ခို​ကြ​ပါ”​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို​မ​ရ​အ​ရ​ဖိတ်​ခေါ်​လေ​၏။

16 တစ်​နေ့​တွင် ငါ​တို့​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​နေ​ရာ​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အ​စေ​ခံ​မိန်း​မ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေ​ဒင်​ဟော​ခြင်း​ဖြင့် မိ​မိ​သ​ခင်​တို့​အ​တွက် များ​စွာ​သော​အ​ကျိုး​စီး​ပွား​ကို​ဖြစ်​စေ​၏။

17 ထို​မိန်း​မ​သည် ပေါ​လု​နှင့်​ငါ​တို့​နောက်​သို့ လိုက်​လာ​၍ “ဤ​သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်​တင်​ခြင်း​တ​ရား​လမ်း​ကို​ဟော​ပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်​ဟစ်​လေ​၏။