တ​မန်​တော်​ဝတ္ထု 16:3-9 MSB

3 ပေါ​လု​သည် သူ့​ကို မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို​၍ ထို​အ​ရပ်​၌​ရှိ​သော ဂျူး​လူ​မျိုး​တို့​ကြောင့် သူ့​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​၏။ အ​ကြောင်း​မူ​ကား သူ​၏​ဖ​ခင်​သည် ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း သူ​တို့​အား​လုံး​သိ​နေ​ကြ​၏။

4 ထို့​နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော​တ​မန်​တော်​များ​နှင့် အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ​ဆုံး​ဖြတ်​ထား​သော စည်း​မျဉ်း​တို့​ကို လူ​တို့​အား​စောင့်​ထိန်း​စေ​ရန်​ပေး​အပ်​ကြ​၏။

5 ဤ​သို့​ဖြင့် အ​သင်း​တော်​များ​သည် ယုံ​ကြည်​ခြင်း​ပို​မို​ခိုင်​မာ​လာ​၍ တစ်​နေ့​တ​ခြား လူ​ဦး​ရေ​တိုး​ပွား​လာ​၏။

6 ထို့​နောက် သူ​တို့​သည် ဖြူ​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သော​အ​ခါ အာ​ရှ​ပြည်​တွင် နှုတ်​က​ပတ်​တ​ရား​ကို​မ​ဟော​ပြော​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တား​မြစ်​ခြင်း​ကို ခံ​ရ​ကြ​၏။

7 တစ်​ဖန် မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​၍ ဗိ​သု​နိ​ပြည်​သို့​သွား​ရန် ကြိုး​စား​ကြ​ရာ သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။

8 ထို့​ကြောင့် သူ​တို့​သည် မု​သိ​ပြည်​ကို​ဖြတ်​၍ တ​ရော​မြို့​သို့ ဆင်း​သွား​ကြ​၏။

9 ည​အ​ခါ ပေါ​လု​သည် ရူ​ပါ​ရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌ မာ​ကေ​ဒေါ​နိ​ပြည်​သား​တစ်​ဦး​သည် ရပ်​လျက် “မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​လာ​၍ အ​ကျွန်ုပ်​တို့​ကို ကူ​ညီ​ပေး​ပါ”​ဟု သူ့​အား တောင်း​ပန်​ပြော​ဆို​၏။