15 ထိုနေ့ရက်များလွန်ပြီးနောက် ငါတို့သည် ထုပ်ပိုးပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။
16 ဆီဇာရီးယားမြို့မှ တပည့်တော်အချို့တို့သည်လည်း ငါတို့နှင့်အတူလိုက်ပါ၍ ငါတို့တည်းခိုရန်စီစဉ်ထားသည့် ကနဦးတပည့်တော်ဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်ထံသို့ ခေါ်သွားကြ၏။
17 ဂျေရုဆလင်မြို့သို့ ငါတို့ရောက်ကြသောအခါ ညီအစ်ကိုများသည် ငါတို့ကို လှိုက်လှဲစွာကြိုဆိုကြ၏။
18 နောက်တစ်နေ့၌ ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့ဝင်လျှင် အသင်းတော်အကြီးအကဲအားလုံးတို့သည်လည်း ရောက်နေကြ၏။
19 ပေါလုသည် သူတို့ကိုနှုတ်ဆက်ပြီးလျှင် မိမိ၏အမှုတော်လုပ်ငန်းအားဖြင့် လူမျိုးခြားတို့၌ ဘုရားသခင်ပြုတော်မူသော အကြောင်းအရာတို့ကို တစ်ခုချင်းပြောပြလေ၏။
20 ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။
21 သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။