3 ဆိုက်ပရပ်ကျွန်းကိုမြင်ကြသောအခါ ထိုကျွန်းကို လက်ဝဲဘက်မှဖြတ်ကျော်လျက် ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ သင်္ဘောသည် တိုင်ရာမြို့၌ ကုန်ပစ္စည်းချရန်ရှိသောကြောင့် ထိုမြို့တွင်ဆိုက်လေ၏။
4 ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။
5 သို့သော် ထိုနေ့ရက်များစေ့သောအခါ ငါတို့သည် ခရီးဆက်ရန် ထွက်ခွာကြ၏။ သူတို့အားလုံးသည် ဇနီးသားသမီးများနှင့်အတူ မြို့ပြင်အထိ ငါတို့ကိုလိုက်ပို့ကြ၏။ ငါတို့သည် ပင်လယ်ကမ်းခြေတွင် ဒူးထောက်လျက်ဆုတောင်းပြီးနောက်
6 တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြ၍ ငါတို့သည် သင်္ဘောပေါ်သို့တက်ကာ သူတို့သည်မိမိတို့အိမ်သို့ ပြန်သွားကြ၏။
7 ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။
8 နောက်တစ်နေ့တွင် ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ရောက်ပြီးလျှင် ရွေးကောက်ခံရသူခုနစ်ဦးထဲမှ တစ်ဦးဖြစ်သည့်ကောင်းမြတ်သောသတင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ဝင်၍ သူ့ထံ၌တည်းခိုကြ၏။
9 ထိုသူ၌ ပရောဖက်ပြုဟောပြောသည့် အပျိုကညာသမီးလေးယောက်ရှိ၏။