တ​မန်​တော်​ဝတ္ထု 25:13-19 MSB

13 ထို​မှ ရက်​အ​နည်း​ငယ်​ကြာ​ပြီး​နောက် အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ဖေတ္တု​မင်း​ကို​နှုတ်​ဆက်​ရန် ဆီ​ဇာ​ရီး​ယား​မြို့​သို့​ရောက်​လာ​ကြ​၏။

14 သူ​တို့​သည် ထို​မြို့​၌ ရက်​အ​တန်​ကြာ​နေ​ကြ​သ​ဖြင့် ဖေတ္တု​မင်း​သည် ပေါ​လု​နှင့်​ပတ်​သက်​သော​အ​မှု​များ​ကို မင်း​ကြီး​အား​တင်​ပြ​လျက် “ဖေ​လဇ်​မင်း​ထား​ရစ်​ခဲ့​သော အ​ကျဉ်း​သား​တစ်​ဦး​ရှိ​ပါ​သည်။

15 ဂျေ​ရု​ဆ​လင်​မြို့​သို့ အ​ကျွန်ုပ်​ရောက်​စဉ် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ဂျူး​လူ​မျိုး​တို့​၏​သက်​ကြီး​ဝါ​ကြီး​တို့​သည် သူ့​ကို တ​ရား​စွဲ​ဆို​လျက် သူ့​အ​ပေါ်​အ​ပြစ်​ဒဏ်​ပေး​ရန် တောင်း​ဆို​ကြ​ပါ​သည်။

16 သို့​သော် စွပ်​စွဲ​ခံ​ရ​သူ​တစ်​စုံ​တစ်​ဦး​သည် စွပ်​စွဲ​သော​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ စွပ်​စွဲ​ချက်​နှင့်​ပတ်​သက်​ပြီး ချေ​ပ​ပြော​ဆို​ခွင့်​မ​ရ​မီ သူ့​ကို​လွှဲ​အပ်​ပေး​ခြင်း​သည် ရော​မ​တို့​၏​ဓ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း သူ​တို့​အား အ​ကျွန်ုပ်​ဖြေ​ကြား​ခဲ့​ပါ​သည်။

17 ထို့​ကြောင့် ဤ​မြို့​သို့ သူ​တို့​စု​ဝေး​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ အ​ကျွန်ုပ်​သည် မ​ဆိုင်း​မ​ငံ့​ဘဲ နောက်​တစ်​နေ့​တွင် တ​ရား​ခွင်​၌​ထိုင်​လျက် ထို​သူ​ကို​ခေါ်​ဆောင်​လာ​ရန် အ​မိန့်​ပေး​ခဲ့​ပါ​သည်။

18 သူ့​ကို​စွပ်​စွဲ​သော​သူ​များ​ထ​ကြ​သော​အ​ခါ အ​ကျွန်ုပ်​ထင်​မှတ်​သ​လောက် ဆိုး​သော​ပြစ်​မှု​မျိုး​ကို မ​တင်​ပြ​ခဲ့​ကြ​ပါ။

19 သူ​တို့​၏​ပြဿ​နာ​မှာ သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​သော​အ​ရာ​အ​ချို့​နှင့် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ပြော​ဆို​သည့် သေ​လွန်​ပြီး​သော ယေ​ရှု​ဆို​သူ​တစ်​ဦး​နှင့်​ပတ်​သက်​သည့် အ​ရာ​များ​သာ ဖြစ်​ပါ​သည်။