တ​မန်​တော်​ဝတ္ထု 26:18-24 MSB

18 ဤ​သည်​ကား သူ​တို့​၏​မျက်​စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အ​မှောင်​မှ အ​လင်း​သို့​လည်း​ကောင်း၊ စာ​တန်​၏​အ​ခွင့်​အာ​ဏာ​မှ ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း ပြောင်း​လဲ​စေ​သ​ဖြင့် သူ​တို့​သည် ငါ့​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​ကာ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​တို့​ထဲ​တွင် ပါ​ဝင်​ရ​မည့်​အ​ကြောင်း​တည်း’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

19 ထို့​ကြောင့် အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဘုံ​မှ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​မ​ထောင်​၍​မ​နေ​ဘဲ

20 ဦး​စွာ ဒ​မတ်​စ​ကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ထို့​နောက် ဂျေ​ရု​ဆ​လင်​မြို့​နှင့် ယု​ဒ​နယ်​တစ်​နယ်​လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​ကို​လည်း​ကောင်း နောင်​တ​ရ​၍ ဘု​ရား​သ​ခင်​ထံ​ပြောင်း​လဲ​ကာ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​မှု​များ​ကို ပြု​ကြ​ရန် ဟော​ပြော​ခဲ့​ပါ​သည်။

21 ဤ​အ​ကြောင်း​များ​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​ကို ဗိ​မာန်​တော်​၌​ဖမ်း​ဆီး​၍ သတ်​ရန်​ကြိုး​စား​ခဲ့​ကြ​သည်။

22 သို့​ရာ​တွင် အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​၏​မ​စ​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​၍ ယ​နေ့​တိုင်​အောင် ရပ်​လျက် လူ​ကြီး​လူ​ငယ်​တို့​အား သက်​သေ​ခံ​နေ​ပါ​သည်။ ထို​သို့​သက်​သေ​ခံ​ရာ​၌ နောင်​တွင် ဖြစ်​ပျက်​မည်​ဟု မော​ရှေ​နှင့်​ပ​ရော​ဖက်​တို့​ဟော​ပြော​ခဲ့​သည့်​အ​ရာ​များ​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မ​ပြော​ဆို​ခဲ့​ပါ။

23 သူ​တို့​ဟော​ပြော​ခဲ့​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​သည် ဝေ​ဒ​နာ​ခံ​စား​ရ​လျက် သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ရှင်​ပြန်​ထ​မြောက်​ခြင်း​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​နှင့် လူ​မျိုး​ခြား​တို့​ထံ အ​လင်း​တ​ရား​ကို​ဟော​ပြော​တော်​မူ​မည်​ဟူ​သည့်​အ​ကြောင်း ဖြစ်​ပါ​သည်”​ဟု ချေ​ပ​ပြော​ဆို​လေ​၏။

24 ပေါ​လု​သည် ဤ​သို့​ချေ​ပ​ပြော​ဆို​နေ​စဉ် ဖေတ္တု​မင်း​က “ပေါ​လု၊ သင်​သည်​ရူး​သွပ်​နေ​ပြီ။ သင်​၏​လွန်​ကဲ​သော​ကျမ်း​ဂန်​လေ့​လာ​မှု​သည် သင့်​ကို သူ​ရူး​ဖြစ်​စေ​ပြီ”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် ဆို​လေ​၏။