တ​မန်​တော်​ဝတ္ထု 26:2-8 MSB

2 “အ​ဂြိပ္ပ​မင်း​ကြီး၊ ဂျူး​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်​စွဲ​ဆို​ထား​သည့်​အ​မှု​အား​လုံး​နှင့်​ပတ်​သက်​၍ အ​ရှင်​မင်း​ကြီး​၏​ရှေ့​တော်​၌ ယ​နေ့ ချေ​ပ​ပြော​ဆို​ရ​တော့​မည်​ကို မင်္ဂ​လာ​တစ်​ပါး​ဖြစ်​သည်​ဟု အ​ကျွန်ုပ်​မှတ်​ယူ​ပါ​သည်။

3 အ​ထူး​သ​ဖြင့် အ​ရှင်​မင်း​ကြီး​သည် ဂျူး​လူ​မျိုး​တို့​၏​ဓ​လေ့​ထုံး​စံ​နှင့် ပြဿ​နာ​အ​လုံး​စုံ​တို့​ကို သိ​ကျွမ်း​သူ​ဖြစ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို့​ကြောင့် အ​ကျွန်ုပ်​၏​လျှောက်​ထား​ချက်​ကို စိတ်​ရှည်​စွာ​နား​ထောင်​ပေး​ပါ​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်။

4 အ​ကျွန်ုပ်​သည် မိ​မိ​လူ​မျိုး​ထဲ​၌​လည်း​ကောင်း၊ ဂျေ​ရု​ဆ​လင်​မြို့​၌​လည်း​ကောင်း အ​စ​ပြု​ခဲ့​သည့် ငယ်​ရွယ်​စဉ်​ဘ​ဝ​မှ​စ​၍ အ​ကျွန်ုပ်​မည်​ကဲ့​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို ဂျူး​လူ​မျိုး​အား​လုံး​သိ​ကြ​ပါ​သည်။

5 သူ​တို့​သည် အ​ကျွန်ုပ်​ကို ယ​ခင်​က​တည်း​က သိ​ထား​ကြ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​တို့​ဘာ​သာ​တွင် စည်း​မျဉ်း​အ​တင်း​ကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အ​ဖြစ် အ​သက်​ရှင်​ခဲ့​ကြောင်း သူ​တို့​သက်​သေ​ခံ​လို​လျှင် သက်​သေ​ခံ​နိုင်​ပါ​သည်။

6 ယ​ခု အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​အား ဘု​ရား​သ​ခင်​ပေး​ထား​သော​က​တိ​တော်​နှင့်​ဆိုင်​သည့် မျှော်​လင့်​ခြင်း​အ​တွက် ရပ်​လျက် စစ်​ဆေး​စီ​ရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။

7 အ​ကျွန်ုပ်​တို့​၏​မျိုး​နွယ်​စု တစ်​ဆယ့်​နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်​အား​ထက်​သန်​စွာ​ဖြင့် ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လျက် ထို​က​တိ​တော်​အ​တိုင်း ခံ​စား​ရ​ရန် မျှော်​လင့်​နေ​ကြ​ပါ​သည်။ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဤ​မျှော်​လင့်​ခြင်း​အ​တွက် ဂျူး​လူ​မျိုး​တို့​၏​စွဲ​ဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။

8 သေ​လွန်​သော​သူ​တို့​အား ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သည်​ကို မ​ယုံ​နိုင်​စ​ရာ​ဟု အ​ရှင်​တို့ အ​ဘယ်​ကြောင့်​ထင်​မှတ်​ကြ​ပါ​သ​နည်း။