တ​မန်​တော်​ဝတ္ထု 26:6-12 MSB

6 ယ​ခု အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​အား ဘု​ရား​သ​ခင်​ပေး​ထား​သော​က​တိ​တော်​နှင့်​ဆိုင်​သည့် မျှော်​လင့်​ခြင်း​အ​တွက် ရပ်​လျက် စစ်​ဆေး​စီ​ရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။

7 အ​ကျွန်ုပ်​တို့​၏​မျိုး​နွယ်​စု တစ်​ဆယ့်​နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်​အား​ထက်​သန်​စွာ​ဖြင့် ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လျက် ထို​က​တိ​တော်​အ​တိုင်း ခံ​စား​ရ​ရန် မျှော်​လင့်​နေ​ကြ​ပါ​သည်။ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဤ​မျှော်​လင့်​ခြင်း​အ​တွက် ဂျူး​လူ​မျိုး​တို့​၏​စွဲ​ဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။

8 သေ​လွန်​သော​သူ​တို့​အား ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သည်​ကို မ​ယုံ​နိုင်​စ​ရာ​ဟု အ​ရှင်​တို့ အ​ဘယ်​ကြောင့်​ထင်​မှတ်​ကြ​ပါ​သ​နည်း။

9 အ​မှန်​စင်​စစ် အ​ကျွန်ုပ်​ကိုယ်​တိုင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော်​အား ဆန့်​ကျင်​သည့်​အ​မှု​များ​စွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်​မှတ်​၍

10 ဂျေ​ရု​ဆ​လင်​မြို့​တွင် ထို​အ​တိုင်း​ပြု​ခဲ့​ပါ​သည်။ အ​ကျွန်ုပ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​လျက် များ​စွာ​သော​သန့်​ရှင်း​သူ​တို့​ကို ထောင်​ထဲ​၌​ပိတ်​လှောင်​ထား​ကာ သူ​တို့​အ​သတ်​ခံ​ရ​သည့်​အ​ခါ​လည်း ထောက်​ခံ​ခဲ့​ပါ​သည်။

11 ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မ​ကြာ​ခ​ဏ​ပြစ်​ဒဏ်​ပေး​လျက် ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​ကြ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ခဲ့​ပါ​သည်။ ထို​မျှ​မ​က သူ​တို့​အ​ပေါ် အ​လွန်​ဒေါ​သ​ထွက်​၍ တိုင်း​တစ်​ပါး​မြို့​များ​သို့​တိုင်​အောင် သူ​တို့​ကို လိုက်​လံ​ညှဉ်း​ဆဲ​ခဲ့​ပါ​သည်။

12 ဤ​သို့​ဖြင့် အ​ကျွန်ုပ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​၏​ခွင့်​ပြု​ချက်​နှင့်​အ​ခွင့်​အာ​ဏာ​တို့​ပါ​လျက် ဒ​မတ်​စ​ကပ်​မြို့​သို့​သွား​စဉ်