တ​မန်​တော်​ဝတ္ထု 5:25-31 MSB

25 ထို​အ​ချိန်​တွင် လူ​တစ်​ဦး​သည်​ရောက်​လာ​၍ “ထောင်​ထဲ​၌ သင်​တို့​ချ​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ရပ်​လျက် လူ​တို့​ကို သွန်​သင်​နေ​ကြ​ပါ​သည်”​ဟု သ​တင်း​ပို့​လေ​၏။

26 ထို​အ​ခါ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​သွား​၍ တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် လူ​တို့​သည် မိ​မိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် အ​နိုင်​အ​ထက်​မ​ပြု​ဘဲ

27 သူ​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ တ​မန်​တော်​တို့​သည် တ​ရား​လွှတ်​တော်​ရှေ့​၌​ရပ်​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က

28 “ဤ​နာ​မ​ကို​အ​မှီ​ပြု​၍ မ​သွန်​သင်​ကြ​ရန် သင်​တို့​အား တင်း​ကျပ်​စွာ​အ​မိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သင်​တို့​၏​သွန်​သင်​ချက်​ကို​ပျံ့​နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အ​ပေါ်​သက်​ရောက်​စေ​ရန် ကြံ​ရွယ်​ကြ​သည်​တ​ကား”​ဟု မေး​မြန်း​ပြော​ဆို​လေ​၏။

29 သို့​သော် ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က “လူ​တို့​၏​စ​ကား​ကို နား​ထောင်​သည်​ထက် ဘု​ရား​သ​ခင်​၏​စ​ကား​ကို နား​ထောင်​သင့်​ပါ​၏။

30 ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သစ်​တိုင်​ပေါ်​၌ သင်​တို့​ဆွဲ​ထား​၍ ကွပ်​မျက်​ခဲ့​သော​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​၏။

31 ဘု​ရား​သ​ခင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​အား နောင်​တ​ရ​ခြင်း​နှင့်​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ​ရန် ထို​အ​ရှင်​ကို စိုး​ပိုင်​သော​အ​ရှင်​နှင့် ကယ်​တင်​ရှင်​အ​ဖြစ် မိ​မိ​လက်​ယာ​တော်​ဘက်​၌ ချီး​မြှောက်​တော်​မူ​၏။