9 ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။