12 ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုတို့ကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
13 ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
14 အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။
15 တရားလွှတ်တော်၌ ထိုင်နေသောသူအပေါင်းတို့သည် သတေဖန်ကို စေ့စေ့ကြည့်လျှင် သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်ကို တွေ့မြင်ကြရ၏။