4 ငါတို့မူကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်”ဟု ဆိုကြ၏။
5 ထိုစကားကို အစုအဝေးတစ်ခုလုံးနှစ်သက်သဖြင့် သူတို့သည် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှဂျူးဘာသာဝင်ဖြစ်လာသူ နိကောလတို့ကို ရွေးကောက်ပြီး
6 သူတို့ကို တမန်တော်တို့ရှေ့၌ရပ်စေကြ၏။ ထိုအခါ တမန်တော်တို့သည် ဆုတောင်းလျက် သူတို့အပေါ်လက်တင်ကြ၏။
7 ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
8 သတေဖန်သည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်ဝလျက် ကြီးစွာသောနိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လူတို့ရှေ့တွင်ပြုလေ၏။
9 ထိုအခါ ‘လိဗေရတိန်’ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
10 သို့သော် ဝိညာဉ်တော်နှင့်ဉာဏ်ပညာတို့ဖြင့် သတေဖန်ပြောဆိုသောအရာကို သူတို့သည် အတိုက်အခံပြောဆို၍မရနိုင်ကြချေ။