30 ဖိလိပ္ပုသည်လည်း ပြေးသွားရာ ထိုသူသည် ပရောဖက်ဟေရှာယကျမ်းဖတ်နေသည်ကို ကြားသဖြင့် “သင်ဖတ်နေသောအရာကို နားလည်ပါသလော”ဟု မေးလေ၏။
31 ထိုမှူးမတ်ကလည်း “အကျွန်ုပ်အား ရှင်းပြပေးသူမရှိလျှင် မည်သို့နားလည်နိုင်ပါမည်နည်း”ဟု ဆိုပြီးလျှင် ဖိလိပ္ပုအား ရထားပေါ်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။
32 ထိုသူဖတ်နေသည့်ကျမ်းပိုဒ်မှာ “သူသည် သတ်ရန်လျာထားသောသိုးကဲ့သို့ ခေါ်ဆောင်သွားခြင်းခံရ၍ သိုးသငယ်သည် အမွေးညှပ်သူရှေ့၌ တိတ်ဆိတ်စွာနေသကဲ့သို့ မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
33 သူသည်နှိမ့်ချခြင်းခံရစဉ်၌ သူ့အတွက် တရားသဖြင့်စီရင်ပေးခြင်းမရှိကြ။ သူ၏အသက်သည် မြေကြီးပေါ်မှ နုတ်ယူခြင်းခံရသည်ဖြစ်၍ သူ၏မျိုးဆက်ကို မည်သူပြောပြနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
34 ထိုအခါ မှူးမတ်က ဖိလိပ္ပုအား “သင့်ကိုမေးပါရစေ။ ပရောဖက်သည် မည်သူ့အကြောင်းကို ဤသို့ပြောထားပါသနည်း။ မိမိကိုယ်တိုင်အကြောင်းလော။ သို့မဟုတ် အခြားသောသူတစ်စုံတစ်ဦး၏အကြောင်းလော”ဟု ဆိုလေ၏။
35 ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။
36 သူတို့သည် လမ်းအတိုင်း ခရီးဆက်သွားကြစဉ် ရေရှိရာအရပ်သို့ရောက်လာသဖြင့် မှူးမတ်က “ကြည့်ပါ။ ရေရှိသည်။ အကျွန်ုပ်ဗတ္တိဇံခံရန် တားဆီးသည့်အရာရှိပါသလော”ဟု ဆို၏။