13 ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။
14 သူသည် ပထမသားရဲရှေ့၌ ပြုခွင့်ရရှိထားသောနိမိတ်လက္ခဏာများအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူအားလုံးတို့ကိုလှည့်ဖြား၍ ဓားဒဏ်ရာရှိသော်လည်း အသက်ရှင်ခဲ့သောသားရဲ၏ရုပ်တုကိုပြုလုပ်ရန် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့အားစေခိုင်း၏။
15 တစ်ဖန် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရန်နှင့် သားရဲ၏ရုပ်တုကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ဖြတ်စေရန် ထိုသားရဲ၏ရုပ်တုအား အသက်သွင်းပေးနိုင်သောအခွင့်ကို ရရှိလေ၏။
16 ထို့ပြင် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ချမ်းသာသောသူဖြစ်စေ၊ ဆင်းရဲသောသူဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူအပေါင်းတို့အား သူတို့၏လက်ယာလက်ပေါ်၌ သို့မဟုတ် နဖူးပေါ်၌ အမှတ်တံဆိပ်ကိုရိုက်နှိပ်စေ၍
17 သားရဲ၏အမည် သို့မဟုတ် သူ့အမည်၏ကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ်မရှိလျှင် မည်သူမျှ အရောင်းအဝယ်မပြုနိုင်ရန်စီရင်လေ၏။
18 ဤနေရာတွင် ဉာဏ်ပညာရှိရန်လိုအပ်၏။ ထိုးထွင်းဉာဏ်ရှိသောသူသည် သားရဲ၏ကိန်းဂဏန်းကိုတွက်ချက်ပါစေ။ အကြောင်းမူကား ၎င်းသည် လူတစ်ဦး၏ကိန်းဂဏန်းဖြစ်ပြီး ထိုကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။