ဗျာ​ဒိတ်​ကျမ်း 14:7-13 MSB

7 သူ​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် “ဘု​ရား​သ​ခင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန် ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​လျက် ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​စမ်း​ရေ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့”​ဟု ကြွေး​ကြော်​လေ​၏။

8 ထို့​နောက် ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် လိုက်​လာ​၍ “မိ​မိ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​ကြောင့် သက်​ရောက်​သည့် ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ကို လူ​မျိုး​တ​ကာ​တို့​အား​တိုက်​သော ဘေ​ဘီ​လုံ​မြို့​ကြီး​သည် ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ”​ဟု ကြွေး​ကြော်​၏။

9 တစ်​ဖန် တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် သူ​တို့​နောက်​မှ​လိုက်​လာ​၍ ကျယ်​လောင်​သော​အ​သံ​ဖြင့် “သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​လျက် မိ​မိ​န​ဖူး​ပေါ်​တွင်​ဖြစ်​စေ၊ မိ​မိ​လက်​ပေါ်​တွင်​ဖြစ်​စေ သူ​၏​အ​မှတ်​တံ​ဆိပ်​ကို​ခံ​ယူ​သော​သူ​သည်

10 ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ခွက်​၌ မည်​သည့်​အ​ရာ​မျှ​မ​ရော​စပ်​ဘဲ​လောင်း​ထည့်​သည့် ကိုယ်​တော်​၏​ပြင်း​စွာ​သော​ဒေါ​သ​စ​ပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်​မည်။ ထို​သူ​သည် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​များ​နှင့် သိုး​သ​ငယ်​တော်​၏​ရှေ့​မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ​၌ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

11 သူ​တို့​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​၏​မီး​ခိုး​သည် ကမ္ဘာ​အ​ဆက်​ဆက်​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ကိုး​ကွယ်​၍ သူ့​အ​မည်​၏​အ​မှတ်​တံ​ဆိပ်​ကို​ခံ​ယူ​သော​သူ​သည် နေ့​ရော​ည​ပါ သက်​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ကြွေး​ကြော်​လေ​၏။

12 ဤ​နေ​ရာ​တွင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​လည်း​ကောင်း၊ ယေ​ရှု​၌​ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း စောင့်​ထိန်း​သော သန့်​ရှင်း​သူ​တို့​၏​သည်း​ခံ​ခြင်း​ရှိ​၏။

13 ထို့​နောက် ကောင်း​ကင်​မှ​အ​သံ​က “ရေး​ထား​လော့။ ယ​ခု​မှ​စ​၍ သ​ခင်​ဘု​ရား​၌​သေ​ဆုံး​သည့် သေ​လွန်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏”​ဟု ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။ ဝိ​ညာဉ်​တော်​က​လည်း “မှန်​ပေ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​မှ အ​နား​ယူ​ခွင့်​ရ​ကြ​လိမ့်​မည်။ သူ​တို့​ပြု​သော​အ​မှု​များ​သည်​လည်း သူ​တို့​နှင့်​လိုက်​ပါ​လာ​၏”​ဟု မိန့်​တော်​မူ​၏။