1 ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။
2 ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။
3 ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။
4 တတိယကောင်းကင်တမန်သည် သူ၏ဖလားကို မြစ်များနှင့် စမ်းရေများပေါ်သို့သွန်းလောင်းသောအခါ ရေသည်သွေးဖြစ်သွားလေ၏။
5 ထိုအခါ ရေနှင့်ဆိုင်သောကောင်းကင်တမန်က “ယခုရှိလျက် ယခင်ကလည်းရှိသည့် သန့်ရှင်းတော်မူသောအရှင်၊ ဤအမှုအရာများကို ကိုယ်တော်စီရင်တော်မူသောကြောင့် ကိုယ်တော်သည်ဖြောင့်မတ်ပါ၏။
6 အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
7 ယဇ်ပလ္လင်ကလည်း “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။