ဗျာ​ဒိတ်​ကျမ်း 17:4-10 MSB

4 ထို​မိန်း​မ​သည် ခ​ရမ်း​ရောင်​နှင့် နီ​မြန်း​သော​အ​ရောင်​တို့​ကို ဝတ်​ဆင်​ထား​လျက် ရွှေ၊ ကျောက်​မျက်​ရ​တ​နာ​နှင့် ပု​လဲ​တို့​ဖြင့် တန်​ဆာ​ဆင်​ထား​ကာ သူ​၏​လက်​၌ ရွံ​ရှာ​ဖွယ်​ရာ​များ​နှင့် မိ​မိ​၏​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း​၏​ညစ်​ညူး​သော​အ​ရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။

5 သူ​၏​န​ဖူး​ပေါ်​၌​ရေး​ထား​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​မည်​နာ​မ​မှာ “ဘေ​ဘီ​လုံ​မြို့​ကြီး၊ ပြည့်​တန်​ဆာ​တို့​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​ရွံ​ရှာ​ဖွယ်​ရာ​များ​၏​အ​မိ”​ဟူ​၍​ဖြစ်​၏ ။

6 ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့​၏​သွေး​နှင့် ယေ​ရှု​၏​သက်​သေ​များ​၏​သွေး​တို့​ဖြင့် ယစ်​မူး​နေ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သူ့​ကို​မြင်​ရ​သော​အ​ခါ အ​လွန်​အံ့​ဩ​မိ​၏။

7 ထို​အ​ခါ ကောင်း​ကင်​တ​မန်​က “သင်​သည် အ​ဘယ်​ကြောင့်​အံ့​ဩ​သ​နည်း။ ထို​မိန်း​မ​နှင့် သူ့​ကို​သယ်​ဆောင်​သော ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း​ရှိ​သည့် သား​ရဲ​တို့​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ချက်​ကို သင့်​အား ငါ​ပြော​ပြ​မည်။

8 သင်​မြင်​ရ​သော​သား​ရဲ​သည် ယ​ခင်​က​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ၊ မ​ကြာ​မီ အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​မှ​တက်​လာ​၍ ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​ထဲ​တွင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ အ​သက်​စာ​စောင်​၌​စာ​ရင်း​မ​ဝင်​သော​သူ​တို့​သည် ယ​ခင်​က​ရှိ​ခဲ့​ပြီး ယ​ခု​မ​ရှိ၊ မ​ကြာ​မီ​ရောက်​လာ​မည့် ထို​သား​ရဲ​ကို​မြင်​လျက် အံ့​ဩ​ကြ​လိမ့်​မည်။

9 ဤ​နေ​ရာ​တွင် ဉာဏ်​ပ​ညာ​ပါ​သော​အ​သိ​စိတ်​ရှိ​ရန်​လို​အပ်​၏။ ခေါင်း​ခု​နစ်​လုံး​သည် ထို​မိန်း​မ​ထိုင်​နေ​သော​တောင်​ခု​နစ်​လုံး​ဖြစ်​ပြီး

10 ဘု​ရင်​ခု​နစ်​ပါး​လည်း​ဖြစ်​ကြ​၏။ ငါး​ပါး​သည် ကျ​ဆုံး​ပြီး တစ်​ပါး​သည် ယ​ခု​ရှိ​၏။ ကျန်​တစ်​ပါး​မှာ မ​ပေါ်​ထွန်း​သေး​ပေ။ ပေါ်​ထွန်း​လာ​သော​အ​ခါ​၌​လည်း ခေတ္တ​ခ​ဏ​သာ​တည်​ရ​လိမ့်​မည်။