20 သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
21 ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။
22 ကြည့်ရှုလော့။ ငါသည် သူ့ကို အိပ်ရာပေါ်တွင်လဲစေမည်။ သူနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူတို့ကိုလည်း မိမိပြုသောအမှုများအတွက်နောင်တမရပါက ကြီးစွာသောဆင်းရဲဒုက္ခသို့ရောက်စေမည်။
23 သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။
24 သို့သော် ထိုမိန်းမ၏အယူဝါဒကိုမခံယူ၊ စာတန်၏နက်နဲသောအရာဟု သူတို့ခေါ်ဝေါ်သောအရာများကိုမသိသော သွာတိရမြို့မှ ကျန်ရှိသူအပေါင်းတို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ဝန်ပိုးကို ငါမတင်။
25 သင်တို့၌ရှိသောအရာကိုသာ ငါကြွလာသည့်တိုင်အောင် စွဲကိုင်ထားကြလော့။
26 အောင်မြင်သောသူနှင့် ငါ၏အမှုကို အဆုံးတိုင်အောင်စောင့်ထိန်းသောသူအား လူမျိုးတကာတို့ကိုအုပ်စိုးရသောအခွင့်ကို ငါပေးသဖြင့်