12 ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။