တ​မန်​တော်​ဝတ္ထု 1:14-20 MSB

14 သူ​တို့​အား​လုံး​သည် အ​မျိုး​သ​မီး​များ​နှင့် ယေ​ရှု​၏​မယ်​တော်​မာ​ရိ​မှ​စ​၍ ကိုယ်​တော်​၏​ညီ​တော်​များ​နှင့်​အ​တူ တစ်​စိတ်​တစ်​သ​ဘော​တည်း​ဖြင့် ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​နေ​ကြ​၏။

15 ထို​နေ့​ရက်​များ​၌ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ့​နှစ်​ဆယ်​ခန့်​ရှိ​သော​ညီ​အစ်​ကို​တို့​သည် တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​ကြ​ရာ ပေ​တ​ရု​သည် သူ​တို့​အ​လယ်​၌​ထ​၍

16 “ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​ပေး​သူ​ဖြစ်​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​နှင့်​ပတ်​သက်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က ဒါ​ဝိဒ်​၏​နှုတ်​အား​ဖြင့် ကြို​တင်​ဟော​ကြား​ထား​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။

17 အ​ကြောင်း​မူ​ကား ယု​ဒ​သည် ငါ​တို့​ထဲ​၌​ထည့်​သွင်း​ရေ​တွက်​ခြင်း​ခံ​ရ​ပြီး ဤ​အ​မှု​တော်​လုပ်​ငန်း​တွင် ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ခဲ့​၏။

18 သူ​သည် မ​တ​ရား​မှု​ကြောင့်​ရ​ရှိ​သော​အ​ဖိုး​အ​ခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်​ယူ​ပြီး​နောက် ဇောက်​ထိုး​ကျ​လျက် ဝမ်း​ဗိုက်​ပေါက်​သ​ဖြင့် သူ​၏​အူ​များ​အ​ကုန်​ထွက်​ကျ​လေ​၏။

19 ထို​အ​ကြောင်း​ကို ဂျေ​ရု​ဆ​လင်​မြို့​၌ နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိ​မိ​တို့​ဘာ​သာ​စ​ကား​ဖြင့် အ​ကေ​လ​ဒ​မ​ဟု​ခေါ်​ဆို​ကြ​၏။ ၎င်း​၏​အ​ဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ​၍​ဖြစ်​၏။

20 အ​မှန်​စင်​စစ် ဆာ​လံ​ကျမ်း​၌ ‘သူ​၏​နေ​ရပ်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​စေ။ ထို​အ​ရပ်​၌ နေ​ထိုင်​သော​သူ​မ​ရှိ​ပါ​စေ​နှင့်။ သူ​၏​အ​ရိုက်​အ​ရာ​ကို​လည်း အ​ခြား​သူ​ယူ​ပါ​စေ’​ဟု ရေး​ထား​၏။