တ​မန်​တော်​ဝတ္ထု 10:21-27 MSB

21 ထို့​ကြောင့် ပေ​တ​ရု​သည် ဆင်း​သွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်​သည့်​အ​ကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သ​နည်း”​ဟု သူ​တို့​အား မေး​လေ​၏။

22 သူ​တို့​က​လည်း “ဖြောင့်​မတ်​၍ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူ​မျိုး​အား​လုံး​တို့​တွင် ဂုဏ်​သ​တင်း​ကောင်း​သော​တပ်​မှူး​ကော်​နေ​လိ​သည် သင့်​ကို မိ​မိ​အိမ်​သို့​ခေါ်​ဖိတ်​၍ သင့်​ထံ​မှ တ​ရား​စ​ကား​ကို​နား​ထောင်​ရန် သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

23 ထို​အ​ခါ ပေ​တ​ရု​သည် သူ​တို့​ကို အိမ်​ထဲ​သို့​ခေါ်​ဖိတ်​လျက် တည်း​ခို​စေ​ပြီး​လျှင် နောက်​တစ်​နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီ​အစ်​ကို​အ​ချို့​တို့​သည်​လည်း သူ​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။

24 နောက်​တစ်​နေ့​၌ သူ​သည် ဆီ​ဇာ​ရီး​ယား​မြို့​သို့ ရောက်​လေ​၏။ ကော်​နေ​လိ​သည် မိ​မိ​၏​ဆွေ​မျိုး​များ​နှင့် ရင်း​နှီး​သော​မိတ်​ဆွေ​များ​ကို စု​ရုံး​ထား​လျက် သူ​တို့​ကို​စောင့်​မျှော်​နေ​၏။

25 ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် သူ့​ကို​ကြို​ဆို​၍ သူ​၏​ခြေ​ရင်း​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​လေ​၏။

26 သို့​သော် ပေ​တ​ရု​သည် သူ့​ကို​ထူ​မ​၍ “ထ​ပါ။ ငါ​ကိုယ်​တိုင်​လည်း သာ​မန်​လူ​သား​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​လေ​၏။

27 ထို့​နောက် ကော်​နေ​လိ​နှင့်​စ​ကား​ပြော​ရင်း အိမ်​ထဲ​သို့​ဝင်​လျှင် လူ​များ​စွာ​တို့​စု​ဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။